နယ်ချဲ့ ဇီယွန်ဝါဒီ ၀န်ကြီးချုပ်နှင့် ကလေးလူသတ်သမား နေတန်ယာဟုသည် ခွဲစိတ်မှုအပြီးတွင် ဆီးကျိတ် ကင်ဆာရှိ ကြောင်း အတည်ပြုခဲ့ပါတယ်။

၃၁ ဒီဇင်ဘာ ၂၀၂၄ - ၀၆:၁၂
ကလေး လူသတ်သမား နေတန်ယာဟုသည် အဆိုးရွားဆုံးရောဂါခံစားနေရ / ကင်ဆာဖြစ်ကြောင်း ဆရာဝန်များ က အတည်ပြု
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အစီရင်ခံစာအရ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် တဲလ်အဗစ်တွင် ဒီဇင်ဘာလ ၂၇ ရက် နေ့က ဆီးကျိတ်ခွဲစိတ်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

နေတန်ယာဟုသည် ဆီးကျိတ်ကင်ဆာခံစားနေရကြောင်း နယ်ချဲ့ ဇီယွန်နစ် မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ် နေတန်ယာဟုသည် တနင်္ဂနွေနေ့တွင် ဆီးကျိတ်ခွဲစိတ်မှုကို ခံယူခဲ့ရကြောင်း ဇီယွန် ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့ပါတယ်။

အသက် ၇၅ နှစ်အရွယ် ကလေးသတ်သမား နေတန်ယာဟုသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဂျေရုဆလင်မြို့ Hadassah ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ ဆရာဝန်များက ၎င်း၏ဆီးအိမ်အတွင်း ရောင်ရမ်းခြင်းနှင့် ဆီးကျိတ်ကြီးနေခြင်းကို တွေ့ရှိခဲ့ကြောင်း ဇီယွန်နစ်  မီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။

ကြံ့ကြံ့ခံ ခုခံရေးအဖွဲ့အစည်းများမှ ဖြစ်နိုင်ချေရှိသော တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် ဆေးရုံ၏ မြေအောက် အစိတ်အပိုင်းတွင် လုံခြုံရေး မြင့်မားသော အစီအစဥ် ဖြင့်  နေတန်ယဟု ၏ ခွဲစိတ်မှု ကို ပြု လုပ်ဆောင်ခဲ့ကြောင်း မှတ်သားသင့်ပါတယ်။

.......................................................

END / 251