ရဲတပ်ဖွဲ့က ကရာချိရှိ ငြိမ်းချမ်းစွာ ထိုင်၍ ဆန္ဒ ပြ သူများကို ပစ်ခတ်ကာ နံပါတ်တုတ်ဖြင့် ရိုက်နက် ပြီး ဆန္ဒပြသူအများအပြားကို ဖမ်းဆီးခဲ့ပြီးနောက် အခြေအနေ တင်းမာခဲ့ကြောင်း သိရပါတယ်။

၃၁ ဒီဇင်ဘာ ၂၀၂၄ - ၁၇:၃၂
အကျော်အမော် ဘာသာရေး ပညာရှင် အလာမဟ်  ဟစန် ဇဖရ် နကဝီ သည် ငြိမ်းချမ်းစွာ ဆန္ဒ ပြပွဲ တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှု နှင့် နံပါတ် တုတ်နှင့် ရိုက် မှု ကြောင့် အခြေအနေ ဆိုးရွား

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News နှင့် ပါကစ္စတန်မီဒီယာများ၏အဆိုအရ မဂျ်လစ်စေ ဝဟ်ဒသ်သေလ် မွတ်စလေမီးန် အဖွဲ့ ၏ အဓိကခေါင်းဆောင် တစ်ဦး နှင့်လူသိများသောဘာသာရေးပညာရှင် အလာမဟ်  ဟစန် ဇဖရ် နကဝီ သည်ရဲများ ၏ပစ်ခတ်မှုနှင့်နံပါတ်တုတ် ဖြင့် ရိုက်နက် မှု ကြောင့်ဆေးရုံသို့ ချက်ချင်းတင်ခဲ့ရပြီးအခြေအနေဆိုးရွားခဲ့ကြောင်း သိရပါတယ်။

ဆေးရုံတွင် အလာမဟ်  ဟစန် ဇဖရ် နကဝီ က အရိုက်ခံရပြီး သူ့အခြေအနေ ပိုဆိုးလာသည်ဟု ဆိုပါတယ်။

ပါရာဂျနာရ် မြို့သူ ၊  မြို့သား များ နှင့် စည်းလုံးညီညွတ်မှုရရှိကြောင်း အတူရပ်တည်နေကြောင်းပြရန်  မဂျ်လစ်စေ ဝဟ်ဒသ်သေလ် မွတ်စလေမီးန် အဖွဲ့ ၏ မေတ္တာရပ်ခံချက်အရ လာဟိုး ၊ မိုလ်သာန် ၊ ဂဲလ်ဂစ်သ် ၊ ဗလ်ဒစ်သာန် ၊ ကွေအ်တဟ် ၊  ပါရာဂျနာရ် ကဲ့သို့ ပါကစ္စတန်နိုင်ငံအသီးသီးရှိ မြို့ကြီးများတွင် ငြိမ်းချမ်းစွာထိုင်ပြီး ဆန္ဒပြ ခြင်း အတွက် ရဲများက ယနေ့ ကရာချိနေရာများကို ၆ ရက် ပြည့်နေ့ တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

ကရာချိမြို့ရှိ နမာအေရှ် ကြောက်ကီ ဒေသ နှင့်ရဇဝီယဟ် ဒေသများတွင် ရာဂျနာရ် မြို့သူ ၊  မြို့သား  နှင့် စည်းလုံးညီညွတ်စွာရှိကြောင်း အတူရပ်တည်နေကြောင်းပြ  ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို လူစုခွဲရန် နံပါတ်တုတ်များ အသုံးပြုကာ ကျည်ဆန်များ ပစ်ခတ်ကာ ဆန္ဒပြသူများ၏ စခန်းများကို ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။

ယင်းအချိန်တွင် နေရာတိုင်းတွင် မီးခိုးများထွက်နေပြီး ဆန္ဒပြသူများသည် မျက်ရည်ယိုဗုံးများ၊ နံပါတ်တုတ်များနှင့် ရဲများက စတင်တိုက် ခိုက်ခဲ့သည့် အတွက် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် မတတ် နိုင်သည့် အဆုံး ဆန္ဒပြသူများ မှ ရဲများကို ခဲများ နှင့် ပစ်ပေါက် ခံကြပါတယ်။

ယနေ့နံနက်အစောပိုင်းတွင် ပါရာဂျနာရ်  မြို့သူ ၊ မြို့သား များနှင့် စည်းလုံးညီညွတ်မှုရှိကြောင်း အတူရပ် တည်နေကြောင်း ပြသရန်  ကရာချိမြို့၌ ကျင်းပသည့် ငြိမ်းချမ်းစွာ ထိုင်၍ ဆန္ဒပြ မှုအား ရဲတပ်ဖွဲ့ မှ ပစ်ခတ်မှုနှင့် နံပါတ်တုတ်များ ကို အပြင်းအထန်  အသုံး ပြုခဲ့ပါတယ်။ MWM Karachi ခေါင်းဆောင်ပိုင်းမှလည်း  ပြင်းထန်စွာ ရှုတ်ချကြောင်း နှင့် ဤဆန္ဒပြမှု သည် စင်ဒ်ဟ် နေရာ  အနှံ့ ပြန့်သွားမည်  ဖြစ်ကြောင်း ကြေညာ ထားပါတယ်။

ပါရာဂျနာရ် တွင် ဆက်လက်ထိုင်နေသရွေ့ ကျွန်ုပ်တို့လည်း ထိုင်နေမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ပျော့ပျောင်း သောအသံကို ကျွန်ုပ်တို့၏ ပျော့ညံ့မှုအဖြစ် မယူသင့်ကြောင်း အလာမဟ်  ဟစန် ဇဖရ် နကဝီ က ကြေညာခဲ့ပါတယ်။

တစ်ချိန်တည်းတွင်ပင် MWM ပြောရေးဆိုခွင့်ရှိသူက PPP သည် ဒီမိုကရေစီ၏ ရှေ့ဆောင်သူဟု ခေါ်ဝေါ်သည့် အမှန်တရားသည် နိုင်ငံတော်၏ ရှေ့မှောက်တွင် ရှိနေကြောင်း၊ ကရာချိတွင် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ပါဝင်သူများအား ခဲဖြင့်ပစ်သတ်ခြင်းသည် ရှက်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ တင်းမာနေတဲ့ အခြေအနေတွေအတွက် တာဝန်ရှိမှု အားလုံးဟာ PPP အပေါ်မှာ အကျုံးဝင်မှာဖြစ်ပြီး PPP က ဒီဖက်ဆစ်ဝါဒနဲ့ တရားမဝင်တဲ့ ဆုံးဖြတ်ချက်တွေရဲ့ နိုင်ငံရေးတန်ဖိုးကို ပေးဆောင်ရလိမ့်မယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။