နေတန်ယာဟု၏နေအိမ်ကို ဟစ်ဇ်ဘွလ္လာဟ် လာစစ်ဆင်ရေးတွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် နေတန်ယာဟု သည် ခိုလှုံရာ နေရာ သို့ ထွက်ပြေးခဲ့ကြောင်း ခုံလုံသည့် သတင်းအရ သိရပါတယ်။

၅ အောက်တိုဘာ ၂၀၂၄ - ၁၈:၁၉
နေတန်ယာဟု၏နေအိမ်ကို ပစ်မှတ်ထားသည့် ဟစ်ဇ်ဘွလ္လာဟ် ၏ အဓိက စစ်ဆင်ရေးကြောင့် နေတန်ယာဟု ခိုလှုံရာ နေရာ သို့ ထွက်ပြေး

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News မှ ဟီဘရူးသတင်းရင်းမြစ်များ၏ အတည်ပြု ချက်ကို ကိုးကား၍ သိမ်းပိုက်ခံထားရသော မြောက်ပိုင်းရှိ ဆီဆာရီယာမြို့၌ လက်ဘနွန်မှ ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့၏ တိုက်ခိုက်မှုအသစ်အပြီးတွင် အစွန်း ရောက် ဇီယွန်ဝန်ကြီးချုပ် နေတန်ယာဟု သည် ခိုလှုံရာ နေရာ သို့  မဖြစ်မနေ ထွက်ပြေး ခဲ့ကြောင်း ဖော်ပြ ထား ပါ တယ်။

လက်ဘနွန်ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့၏ ဒုံးကျည်အသစ်ဖြင့် တိုက်ခိုက်မှုအတွင်း နေတန်ယာဟုသည် သိမ်းပိုက်ထား သော နယ်မြေမြောက်ပိုင်းရှိ ဆီဆာရီယာရှိ မိမိ ၏နေအိမ်တွင် ရှိနေကြောင်း ဇီယွန်နစ်ဝက်ဘ်ဆိုဒ် Wallah က ဖော်ပြခဲ့ပြီး နေတန်ယာဟု သည်  ခိုလှုံရာနေရာ သို့ သို့  မဖြစ်မနေ ထွက်ပြေး ခဲ့ကြောင်း သိရှိရပါ တယ်။

အလ်အက်ဆွာ (ခ) မုန်တိုင်း စစ်ဆင်ရေး နောက်ပိုင်း ပထမဆုံးအကြိမ် နေတန်ယာဟု၏နေအိမ်တွင် အချက်ပေး ဥသြသံ ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ တွင် လက်ဘနွန်နိုင်ငံ၏ ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့သည် သိမ်းပိုက် ထား သော နယ်မြေများ၏ မြောက်ပိုင်းရှိ ဆီဆာရီယာ နှင့် ဟိုင်ဖာမြို့များကို ကျယ်ကျယ်ပြန့်ပြန့် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။

.......................................................

END / 251