ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး မှ လိမ်ညာပြီး ကျမ်းတော်မြတ်ကုရ်အာန် ၏ ကစမ်စားခြင်း ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

၃၀ ဒီဇင်ဘာ ၂၀၂၄ - ၁၉:၁၃
   လိမ်ညာပြီး ကျမ်းတော်မြတ်ကုရ်အာန် ၏ ကစမ်စားခြင်း
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး  မှ လိမ်ညာပြီး ကျမ်းတော်မြတ်ကုရ်အာန် ၏ ကစမ်စားခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အကယ်၍ တစ်ဦး တစ်ယောက်သည် လိမ်ညာပြီး ကျမ်းတော်မြတ်ကုရ်အာန် ၏ ကစမ်စားမည်။ ပြီးနောက် နောင်တ ရမည်ဆိုလျင် ၎င်း၏ တာဝန် သည် မည်သို့ ရှိပါသနည်း?  

အဖြေ

၎င်းအနေဖြင့် (စစ်မှန်သည့်) သောင်ဗဟ်  ပြုရမည်။ ပြီးနောက် ကောင်းမှ ကုသိုလ် အလုပ်များကို ဤလိမ်ညာ၍ ကစမ်စားခြင်း ကို အစားထိုး နိုင်ရန် ပြင်နိုင်ရန် အထိ ပြုလုပ်ရမည် ဖြစ်ပါတယ်။

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ သေချာစဥ်းစားလျင် အလွန်ခက်ခဲသည့် အလုပ်ဖြစ် ကြောင်း သိရှိရမည် ဖြစ်ပါ တယ်။ အကြောင်း မှာ စစ်မှန်သည့် သောင်ဗဟ် ဆိုသည် မှာ တရားတော် မှ မည်သည့် သောင်ဗဟ် ကိုခေါ်ဆို ကြောင်း သိအောင်ပြုရမည် ဖြစ်ပါတယ်။ သိပြီးနောက် လက်တွေ့ ကျင့်ဆောင် ရမည် ဖြစ်ပါတယ်။ ပြီးနောက်  ကုသိုလ် အလုပ်များကို ဤ ကျမ်းတော်မြတ် ကုရ်အာန် ကို လိမ်ညာ၍ ကစမ်စားခြင်း ကို အစားထိုး နိုင်ရန် ပြင်နိုင်ရန် အထိ ပြုလုပ်ရမည် ဆိုတော့ မည်မျှ အထိ ပြုရမည် ကို အသေ အချာ မသိသည့် အတွက် ဖြစ်ပါတယ်။ ယခုခေတ်တွင် လူတစ်ချို့ သည် လောဘကြောင့် ၊ မနာလိုမှုကြောင့် ၊ အငြိုးအတေးကြောင့် အမုန်းတရားကြောင့် အမှန်ကို သိလျက် လူရှေ့သူရှေ့ တွင် လည်းကောင်း တရားရုံး များတွင်လည်း ကောင်း ကျမ်းတော်မြတ် ကုရ်အာန် ပေါ် လက်တင်၍ အလ္လာဟ် ကို မကြောက်ဘဲ လိမ်ညာ၍ ကစမ်စားနေကြပါတယ်။ အလ္လာဟ် အပေါ် အီမာန် သက်ဝင် ယုံကြည်သူ တိုင်း ကျမ်းတော်မြတ်ကုရ်အာန်ပေါ် လက်တိုင် ၍ ကစာမ်လိမ်စားခြင်း ၊ ကျမ်းတော်မြတ်ကုရ်အာန် အပြင် အခြား မအ်စူမ် (အ.စ) တစ်ပါးပါး ၏အမည် ကိုယူ၍ ဖြစ်စေ ကြီးကျယ် မြင့်မြတ်သည့် နဘီ (အ.စ) တစ်ပါးပါး အမည် ကိုယူ၍ ဖြစ်စေ လိမ်ညာ ကျိန်ဆိုခြင်း ၊   ကစာမ်မစားဘဲ လိမ်ညာ ခြင်း များကင်းနိုင် ပြီး ရှောင်ကြဥ် နိုင်ကြပါစေ။  

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251