ဟဇရသ် မအ်စူမဟ် (စ.အ) ကွမ်း ၏ ရောင်ဇာတော် ၏ နိုင်ငံတကာရေးရာ အကြီးအကဲ ကမါလ် စရ်ယာအရ်ဒကာနီ က ကြေငြာခဲ့သည်မှာ - ယခုနှစ် ဆောင်းဦးရာသီတွင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ မွတ်စလင်မ် ဇေယာရသ် ပြုသူ ၂၃၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံမှ မွတ်စလင်မ် မဟုတ်သော လေ့လာရေး သမားများ ကို ဝန်ဆောင်မှုများ ပေးအပ်ခဲ့ကြောင်း ဖြစ်ပါတယ်။

၂၉ ဒီဇင်ဘာ ၂၀၂၄ - ၁၈:၂၇
ဟဇရသ်  မအ်စူမဟ် ကွမ်း (စ.အ) ၏ ရောင်ဇာတော် သို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ဇေယာရသ် ပြုသူ များနှင့် လေ့လာသူများ လာရောက်
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အစီရင်ခံစာအရ  ဟဇရသ်  မအ်စူမဟ် (စ.အ) ကွမ်း ၏ ရောင်ဇာတော် ၏ နိုင်ငံတကာရေးရာ အကြီးအကဲ ကမါလ် စရ်ယာအရ်ဒကာနီ က ကြေငြာခဲ့ ပါတယ်။ ၎င်း ကြေငြာချက်မှာ ယခုနှစ် ဆောင်းဦး ရာသီတွင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ မွတ်စလင်မ် ဇေယာရသ် ပြုသူ ၂၃၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီး နိုင်ငံ ပေါင်း ၃၆  နိုင်ငံမှ မွတ်စလင်မ် မဟုတ်သော လေ့လာရေး သမားများ ကို ဝန်ဆောင်မှုများ ပေးအပ်ခဲ့ကြောင်း ဖြစ်ပါတယ်။

ကမါလ် စရ်ယာအရ်ဒကာနီ ၏ အဆိုအရ ပါကစ္စတန်၊ အီရတ်၊ အဇာဘိုင်ဂျန်၊ အိန္ဒိယနှင့် အင်္ဂလန်တို့အပါအဝင် အခြားနိုင်ငံများမှ ဇေယာရသ် ပြုသူများ သည် ဆောင်းဦးလသုံးလအတွင်း နိုင်ငံတကာရေးရာရုံးထံမှ အကြံ ဉာဏ်နှင့် လမ်းညွှန်မှုများကို ရယူခဲ့ကြပါတယ်။

ဤသုံးလအတွင်း အခမ်းအနားအမျိုးမျိုးကို အာရဗီ၊ အူရဒူနှင့် အင်္ဂလိပ်ဘာသာများဖြင့် ဇေယာရသ် ပြုသူ ၁၄ဝဝဝ ကျော်အတွက် ကျင်းပခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

တရုတ်၊ ရုရှား၊ ဂျာမနီ၊ ချက်၊ ပြင်သစ်၊ အမေရိက၊ ဟောင်ကောင်၊ စင်္ကာပူ၊ ကိုလံဘီယာ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်နှင့် ချီလီအပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လေ့လာ‌ရေး ဧည့်သည်များသည် ဟဇရသ်  မအ်စူမဟ် (စ.အ) ကွမ်း နှင့် ရောင်ဇာတော် ၏ ဗိသုကာလက်ရာများကို ကြည့်ရှုလေ့လာခဲ့ကြောင်း ရောင်ဇာတော်  အစိတ်အပိုင်း အသီသီး ကို နီးနီးကပ်ကပ် လေ့လာခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251