ပါရာဂျနာရ် မြို့ တွင် ဖိနှိပ်ခံနေထိုင်သူများကို အကြမ်းဖက် နေသည့် ရာဇ၀တ်မှုများအား ရှုတ်ချသည့်အနေဖြင့် ပါကစ္စတန်နိုင်ငံရှိ မြို့အသီးသီးတွင် ရှီအဟ် ထိုင်ပွဲများ နှင့် ဆန္ဒပြမှုများသည် တတိယမြောက်နေ့အဖြစ် ဆက်လက်ပြုလုပ် လျက်ရှိပါတယ်။

၂၇ ဒီဇင်ဘာ ၂၀၂၄ - ၁၇:၁၈
   ပါကစ္စတန် နိုင်ငံ ရှီအဟ်များ သည် ပါရာဂျနာရ်  လူထု အား ထောက်ခံရန်ဆက်လက် ဆန္ဒပြ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန အစီရင်ခံ စာအရ ဆန္ဒပြသူများသည် အစိုးရနှင့် လုံခြုံရေး အေဂျင်စီများထံ ချက်ချင်း အရေးယူရန်နှင့် အဆိုပါ ဒေသတွင် ရှီအဟ် နေထိုင်သူများ ရက်စက်စွာ သတ်ဖြတ်မှုတွင် ပါဝင်သည့် တရားခံများ ကို ဖော်ထုတ်ပေးရန် တောင်းဆိုနေကြပါတယ်။

ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဘာသာရေးပါတီတွေနဲ့ ရှီအဟ် မွတ်စလင်မ် ခေါင်းဆောင်များဟာ သောကြာနေ့က အစ္စလာမ်အဗါဒ် (အစ္စလာမာဘတ်) နှင့်  ပါကစ္စတန်နိုင်ငံ တခြားနေရာများ တွင် ပါရာဂျနာရ် ရှီအဟ် များ နှင့် အတူ ရပ်တည် နေကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

လာဟိုး၊ ကရာချိ၊ မိုလ်သာန်  ၊ ဟိုင်ဒဲရ်အာဗါဒ် ၊ အက်စ်ကရ်ဒူ ၊ ပါရာဂျနာရ် ၊  မိုဇဖရ် အာဗါဒ် ၊ ဂျန်းက် နှင့်ကွေတဟ် မြို့များတွင် မကြာသေးမီက ရှီအဟ် မွတ်စလင်မ်များ အပေါ်  သက္က်ဖီးရီ အကြမ်းဖက်အုပ်စုများ  က ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများကို ရှုတ်ချရန် အအေးဒဏ်ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသော်လည်း သုံးရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒ ပြနေကြပါတယ် ။

အစ္စလာမာဘတ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆီးနိတ်အမတ် နှင့် မဂျ်လစ် ဝဲဟ်ဒသ် သေ မွတ်စလေမီးန် အဖွဲ့  ၏ ဥက္ကဋ္ဌ ဖြစ်သူ အထက်လွှတ်တော် အမတ် အလာမဟ် နာစေရ် အဘာစ် ဂျအ်ဖရီ သည် ပါရာဂျနာရ် တွင် နေထိုင်သူများ၏ လုံခြုံရေးကို သေချာစေရန်နှင့် ဒေသအတွင်း မငြိမ်မသက်ဖြစ် အောင် ပြုနေသည့် အကြမ်းဖက် များ ပျော်ရွှင် အောင် ပြုနေ ကြောင်း အစိုးရအနေဖြင့် မိမိ ၏တာဝန်ကို ပျက်ကွက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ခိုင်ဘရ် ဗတ်ခ်သွန်ခန်း ၏  အခြားမြို့များနှင့် ပါရာဂျနာရ် ကို ဆက်သွယ်ထားသည့် လမ်းများကို ပိတ်ထားဆဲဖြစ်ပြီး အဆိုပါဒေသရှိ ပြည်သူများသည် လွန်ခဲ့သည့် ၇၅ ရက်အတွင်း စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားအခြေခံလိုအပ်ချက်များ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း အလာမဟ် နာစေရ် အဘာစ် ဂျအ်ဖရီ မှ ပြောကြား ခဲ့ပါတယ်။

ကားအများအပြား ပစ်မှတ်ထားခံရသည့် ပါရာဂျနာရ် ရှိ ရာဇ၀တ်မှုခင်းတွင် အနည်းဆုံး လူ ၅၅ ဦး သေဆုံးခဲ့ ပြီး ဖြစ်ပါတယ်။

ဒီဖြစ်ရပ်အပြီးမှာတော့ ကရမ် မျိုးနွယ်စုနှစ်ခုကြား သွေးထွက်သံယို ထိပ်တိုက်တွေ့ဆုံမှုတွေ သီတင်း ပတ်ပေါင်း များစွာ ဆက်လက်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃၀ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ပါရာဂျနာရ် ၏ အကာအကွယ်မဲ့ လူများကို သတ်ဖြတ်ခြင်းအတွက် တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်ရှိ ရှီအဟ် ပါတီများက တာဝန်ရှိသူများကို ဖော်ထုတ်ရန် အစိုးရနှင့် ပြည်နယ်အာဏာပိုင်များ၏ ပျက်ကွက်မှုကို ရှုတ်ချခဲ့ပြီး သက္က်ဖီးရီ  တပ်ဖွဲ့များသည် နိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် သည်းခံမှု၏ အငွေ့အသက်ကို ဖျက်ဆီးရန် ကြိုးစားနေ သည်ဟု အလာမဟ် နာစေရ် အဘာစ် ဂျအ်ဖရီ  မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251