တဲလ်အဗစ်မြို့သည် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှု၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး ဖြစ်ပါတယ်။

၂၇ ဒီဇင်ဘာ ၂၀၂၄ - ၁၂:၁၄
ဇီယွန်ဝါဒီအစိုးရ၏မြို့တော်ကို ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုံးကျည်ဖြင့် တိုက်ခိုက် + ဗီဒီယို

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နယ်ချဲ့ အစ္စရေး အစိုးရ၏မြို့တော် တဲလ်အဗစ်မြို့အပါအဝင် သိမ်းပိုက်ခံထားရသော ပါလက်စတိုင်း အလယ်ပိုင်းဒေသများတွင် သတိပေးချက်ဥဩများ မမြည်းမီ  တစ်နာရီအလိုတွင် ဟေဗြဲမီဒီယာက ကြေညာခဲ့ ပါတယ်။

ဇီယွန်စစ်တပ်ရေဒီယိုမှ ယီမင်မှ သိမ်းပိုက်ထားသော နယ်မြေများဆီသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ် လိုက်ပြီး နောက် နေရာတော်တော်များများတွင် အချက်ပေး ခေါင်းလောင်းသံများ ထွက်ပေါ်လာကြောင်း ကြေငြာခဲ့ ပါတယ်။

အစ္စရေးစစ်တပ်၏ ကာကွယ်ရေးစနစ်များသည် ယီမင်နိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည် သို့မဟုတ် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစိုးရ၏ မီဒီယာသတင်းရင်းမြစ်များက အခိုင်အမာဆိုထားပါတယ်။

ဇီယွန်ဝါဒီများ လုံခြုံသောနေရာများသို့ ထွက်ပြေးပြီးနောက် ယခုအချိန်အထိ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် Ben Gurion လေဆိပ်ရှိ လေယာဉ်ခရီးစဉ်များ ရပ်တန့်ကာ နှောင့်နှေး မှု ရှိလာကြောင်း သိရပါတယ်။

ယီမင် လက်နက်ကိုင် တပ်ဖွဲ့တွေက ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လာမယ့် နာရီပိုင်းအတွင်း ကြေညာချက် ထုတ်ပြန်မယ်လို့ ကြေညာခဲ့ပါတယ်။

ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် အဖွဲ့၏  ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဇီယွန်စစ်တပ်က ကြာသပတေးနေ့ညနေပိုင်းတွင် ကြေညာခဲ့ပြီး ယင်းသည် အာရပ်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို ပစ်မှတ်ထား ခြင်းဖြစ်ပါတယ်။

 အစ္စရေး စစ်တပ်၏ ထုတ်ပြန်ချက်အရ  ဟဇီးဇ် နှင့် ရာစ် ကနာ သီးဗ်  ဓာတ်အားပေးစက်ရုံများ အပြင် အလ်ဟဒီးဒဟ် နှင့် အလ်ဆွလီဖ် ဆိပ်ကမ်းများရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် ကြာသပတေးနေ့ တိုက်ခိုက်မှု ၏ ပစ်မှတ်များဖြစ်ကြောင်း ဖြစ်ပါတယ်။