အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် ဆီးရီးယားမီဒီယာများ၏ အစီရင် ခံစာ ဖော်ပြချက် အရ စစ်ယာဉ်နှင့် ထရပ်ကား အစီး ၂၀ အပါအဝင် အမေရိကန် တပ်ဖွဲ့ဝင်များနှင့် ပစ္စည်းများ တင်ဆောင် လာသည့် ယာဉ်တန်းသည် အီရတ်နိုင်ငံ အန်ဘာပြည်နယ်ရှိ အိုင်းနိုလ်အစဒ် အမေရိကန် အခြေစိုက် စခန်းမှ ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ အလ်ဟစ်ကဟ် ပြည်နယ်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းသို့ ယနေ့ နံနက်ပိုင်းက ဝင်ရောက်ခဲ့ခြင်း ကြောင်း ဖြစ်ပါတယ်။
အဆိုပါ ယာဉ်တန်းတွင် လေကြောင်း ကာကွယ်ရေး စနစ် ဖြင့် ဆီးရီးယား ပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော အမေရိကန် ကြည်းတပ် အထူးတပ်ဖွဲ့များလည်း ပါဝင်ပါတယ်။
အန်ဘာပြည်နယ်ရှိ အိုင်းနိုလ်အစဒ် အမေရိကန် အခြေစိုက်စခန်းနှင့် အရ်ဘီးလ် တောင်ဘက် ဟရီးရ် အခြေစိုက်စခန်းတို့မှ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း အမေရိကန်စစ်တပ်မှ တိုက်ခိုက်ရေးတပ်သားအများ အပြားကို ဆီးရီးယားသို့ စေလွှတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောကြားခဲ့ပါတယ်။
ဤအမေရိကန် စစ်တပ် သည် ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယား ကာ့ဒ် များနှင့် တူရကီကျောထောက်နောက်ခံပြုတပ်ဖွဲ့များကြား လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာချိန်တွင် ဝင်ရောက်လာ ခြင်း ဖြစ်ပါတယ်။
.......................................................
END / 251