အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
لا تَنْظُرُوا في عُيُوبِ النّاسِ كَالْأرْبابِ وَانْظُرُوا في عُيُوبِكُمْ كَهَيْئَةِ الْعَبـْدِ .
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« သခင်ကဲ့သို့ အခြားသူများ၏ အပြစ်ကို မကြည့်ဘဲ၊ နှိမ့်ချသော အစေခံတစ်ဦးအနေဖြင့် အခြားသူများ၏ အပြစ်ကို ကြည့်ပါလေ။ »
ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊ ၂၉၅
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ဆိုလိုသည် မှာ သူတစ်ပါး ၏ အပြစ် ကို အပေါ်စီး မှ မကြည့်ဘဲ အောက်စီးမှလည်း ကြည့်ပေးရန် ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် သခင်အများစု ဟာ သူတစ်ပါး၏ အပြစ် နှင့် အားနည်းချက် ပျော့ကွက်ကိုသာ မြင်ကြပြီး မိမိတို့၏ အမှား ၊ အားနည်းချက် ပျော့ ကွက် ကို မမြင်ကြသည့် အတွက် သခင်ကဲ့သို့ မကြည့် ရန် အေမာမ် (အ.စ) အနေဖြင့် မိန့်ထားခြင်း လည်း ဖြစ်နိုင်ပါ သည်။နှိမ့်ချသော အစေခံတစ်ဦး သည် မိမိ သခင်အပြစ် ၊ အမှားကို ပြောဖို့ ဝန်လေးသည့် အတွက် ကြောင့် သူတစ်ပါး ၏ အမှားကို နှိမ့်ချသော အစေခံတစ်ဦး ပမာ ကြည့် ဖို့ အေမာမ် (အ.စ) အနေဖြင့် မိန့်ထားခြင်းလည်း ဖြစ်နိုင်ပါတယ်။
****************************************************************
END / 251