အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် တခြားသူများ၏ အမှားကို ဘယ်လို ကိုင်တွယ်မလဲ ? နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၂၆ ဒီဇင်ဘာ ၂၀၂၄ - ၁၈:၄၅
တခြားသူများ၏ အမှားကို ဘယ်လို ကိုင်တွယ်မလဲ ?

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الصادق (عليه السلام):

لا تَنْظُرُوا في عُيُوبِ النّاسِ كَالْأرْبابِ وَانْظُرُوا في عُيُوبِكُمْ كَهَيْئَةِ الْعَبـْدِ .

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« သခင်ကဲ့သို့ အခြားသူများ၏ အပြစ်ကို မကြည့်ဘဲ၊ နှိမ့်ချသော အစေခံတစ်ဦးအနေဖြင့်  အခြားသူများ၏ အပြစ်ကို  ကြည့်ပါလေ။ »

ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊  ၂၉၅

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ဆိုလိုသည် မှာ သူတစ်ပါး ၏ အပြစ် ကို အပေါ်စီး မှ မကြည့်ဘဲ အောက်စီးမှလည်း ကြည့်ပေးရန် ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် သခင်အများစု ဟာ သူတစ်ပါး၏ အပြစ် နှင့် အားနည်းချက် ပျော့ကွက်ကိုသာ မြင်ကြပြီး မိမိတို့၏ အမှား ၊ အားနည်းချက် ပျော့ ကွက် ကို မမြင်ကြသည့် အတွက် သခင်ကဲ့သို့ မကြည့် ရန် အေမာမ် (အ.စ) အနေဖြင့် မိန့်ထားခြင်း လည်း ဖြစ်နိုင်ပါ သည်။နှိမ့်ချသော အစေခံတစ်ဦး သည် မိမိ သခင်အပြစ် ၊ အမှားကို ပြောဖို့ ဝန်လေးသည့် အတွက် ကြောင့် သူတစ်ပါး ၏ အမှားကို နှိမ့်ချသော အစေခံတစ်ဦး ပမာ ကြည့် ဖို့ အေမာမ် (အ.စ) အနေဖြင့် မိန့်ထားခြင်းလည်း ဖြစ်နိုင်ပါတယ်။

****************************************************************

END / 251