အမီးရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အောင်မြင်သည့် အိမ်ထောင်သည် ဘဝအတွက် အရေးကြီးသည့် ပွိုင့် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၂၄ ဒီဇင်ဘာ ၂၀၂၄ - ၁၃:၄၅
အောင်မြင်သည့် အိမ်ထောင်သည် ဘဝအတွက် အရေးကြီးသည့်  ပွိုင့်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

إنَّ المَرأَةَ ریحانَةٌ وَ لَیسَتْ بِقَهرَمانَةٍ، فَدارِها علی كُلِّ حالٍ وَ أَحسِنِ الصُّحَبَةَ لَها لِیَصفُو عَیشُكَ.

 

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အမျိုးသမီးတစ်ဦး သည် ပန်းတစ်ပွင့် ကဲ့သို့ (နူးညံ့သိမ်မွေ့) ပါသည်။ သူမသည် ဂေါပကလူကြီး သို့မဟုတ် အုပ်ထိန်း သူ မဟုတ်ချေ။ သင်အနေဖြင့် မည်သည့် အခြေအနေ တွင် မဆို သူမအားသိမ်မွေ့ စွာ ၊ ကောင်းသည့် အမူ အကျင့်များဖြင့်  ဆက်ဆံပါလေ။ ဤသို့ဖြင့် သင့်ဘဝပျော်ရွှင်လာမည် ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း ၊ အတွဲ ၁၄ ၊ စာမျက်နှာ ၁၂

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ပျော်ရွှင် သည့် အိမ်ထောင်သည် ဘဝကို ပိုင်ဆိုင်ရန် လုပ်ဆောင်ရမည့် ပွိုင့် ကို သိရှိရမည် ဖြစ်ပါတယ်။ မိမိ ဇနီးအား ရိုက်နက်သူများ အထူး သတိပြုရမည် ဖြစ်ပါတယ်။ ဇနီးသည်သည် ပန်းတစ်ပွင့် ကဲ့သို့ နူးညံ့သိမ်မွေ့ ကြောင်း အေမာမ် (အ.စ) မှ မိန့်တော် မူထားသည့် အတွက်  ပန်းကို ကိုင်တွယ်သကဲ့သို့ ဇနီးသည်ကို ကိုင်တွယ် ရမည် ဖြစ်ပါတယ်။ ဇနီးသည် အ‌နေဖြင့်လည်း ပန်းပမာ နေထိုင် ဘဝတည်ဆောက် ရမည် ဖြစ်ပါတယ်။ ပန်းနှင့် တူသည့် အမျိုးသမီးများသည် မရိုင်းကြချေ။ ဆဲဆို မှု မပြုကြချေ။ စွပ်စွဲ ၊အပုတ်ချမှု စသည့် တရားတော်မှ တားမြစ် ထားသည့် အရာများကို မပြုလုပ်ကြချေ။

****************************************************************

END / 251