အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الباقر علیه السلام:
تَزاوَرُوا في بيوتِكُم فإنّ ذلكَ حَياةٌ لِأمرِنا، رَحِمَ اللّه ُ عَبدا أحيا أمرَنا.
အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« မိမိ၏ နေအိမ် တွင် တစ်ဦး နှင့် တစ်ဦး တွေ့ဆုံကြပါလေ။ အကြောင်းသည်ကား ဤလုပ်ရပ်သည် ငါတို့ (အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရပ်တည်ချက် ကို ရှင်သန်အောင် ပြုခြင်းမည်လေ၏။ ငါတို့၏ ရပ်တည်ချက် ကို ရှင်သန်အောင် ပြုပေး သူ အပေါ် အလ္လာဟ် ဟို အရှင်မြတ် ၏ ရဲဟ်မသ်တော် (ကရုဏာတော် ) ကျရောက်ပါစေ။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၄၄
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် မိမိနေအိမ် ရှိသူများနှင့် တွေ့ဆုံ ပြီး နေထိုင်ရမည် ဖြစ်ပါတယ်။ အနည်းဆုံး ထမင်းစာချိန် အားလုံး လက်စုံ ဝိုင်းပြီး စားသင့်ပါတယ်။ အချို့ဆိုလျင် တစ်အိမ်တည်းနေပြီး စကားမဆို စလာမ် အပေးအယူ မလုပ်ဘဲနေကြပါတယ်။ ယုတ်စွ အပြင်က သူ၏ မွေးနေ့ကို မိုဘာရတ်က်ပြော ဆုတောင်း စကားပြောကြပြီးကိုယ်အိမ်ထဲ ကလူ၏ မွေးနေ့ ကိုမေ့နေသူများ အသိအမှတ်မပြုသူများ ရှိနေကြပြီး ဖြစ်ပါတယ်။ ကျနော်တို့ အားလုံး အနည်းဆုံး မိမိ နေအိမ် ရှိ တစ်အိမ်တည်း ရှိနေသူများ ကို တွေ့ဆုံ စကားပြော ခြင်း စလာမ်အပေးအယူပြုခြင်း စသသည်တို့ကို ပြုပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရပ်တည်ချက် ကို ရှင်သန်အောင် ပြုရမည် ဖြစ်ပါတယ်။ ဤနည်းဖြင့် အေမာမ် ၏ ဒိုအာ အလ္လာဟ် ဟို အရှင်မြတ် ၏ ရဲဟ်မသ်တော် (ကရုဏတော် ) အား ရရှိနိုင်မည် ဖြစ်ပါတယ်။
****************************************************************
END / 251