ဖိလစ်ပိုင်တွင် ပထမဆုံး ရှီအဟ် လှုပ်ရှားမှုကို တည်ထောင်သူ မှ ဖိလစ်ပိုင်ရှိ ရှီအဟ် ကျောင်းတော် သို့ဦးတည်သောလမ်းကြောင်းသည် ၁၃၆၁ ခုနှစ် တွင် မိမိ ၏ ဇာတိ ဘွန်ဂါ မြို့မှစတင်ခဲ့ကြောင်း ဒီ ရက်မတိုင်ခင် ဖိလစ်ပိုင်မှာ ရှီအဟ် တွေ့ရှိရမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀ ဒီဇင်ဘာ ၂၀၂၄ - ၁၁:၁၃
ဖိလစ်ပိုင်တွင် ပထမဆုံး ရှီအဟ် လှုပ်ရှားမှုကို တည်ထောင်သူ /  ဖိလစ်ပိုင်တွင် ရှီအဟ် တိုးပွား မှုသည် အီရန်အစ္စလာမ်မစ်  တော်လှန်ရေး အောင်ပွဲ ၏ ဘရ်ကသ် ကြောင့်ဖြစ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဖိလစ်ပိုင် နိုင်ငံ သည် အရှေ့တောင်အာရှနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပါတယ်။ အေဒီ ၈ ရာစုတွင် အစ္စလာမ် ဘာသာ သည် ဤနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး မွတ်စလင်များသည် ခရစ်ယာန်ဘာသာဝင်များပြီးလျှင် ဖိလစ်ပိုင်တွင် ဒုတိယ အများဆုံး ဖြစ်ပါတယ်။ မွတ်စလင်မ် အုပ်စုတစ်စုကို မိုရို့စ်ဟု လူသိများကြပြီး မင်ဒါနာအို၊ ဆူလူနှင့် အခြားတောင်ပိုင်းကျွန်းများတွင် အများစုနေထိုင်ကြပါတယ်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ အပြီးတွင် ရှီအဟ် မွတ်စလင်မ်  ဝါဒ သည် ဤနိုင်ငံ သို့ ဝင်ရောက် လာခဲ့ပါတယ်။ဤနိုင်ငံ၏ ရှီအဟ် မွတ်စလင်မ် လူဦးရေ၏ တိကျသောစာရင်းဇယားမရှိပါ။ ၎င်းတို့၏ အရေ အတွက်မှာ ၃၀၀၀၀ မှ ၄၆,၀၀၀ ကြားရှိမည်ဟု ခန့်မှန်းရပြီး နိုင်ငံလူဦးရေ၏ တစ် ရာခိုင်နှုန်း အောက်သာရှိပါတယ်။

ပါဒါက် ကရ်ဗလာ ဧရိယာသည် ဖိလစ်ပိုင်လူမျိုးများ၏ ခုခံမှုပြယုဂ်ဖြစ်ပြီး ရှီအဟ် အများအပြားသည် မုဟရမ် လသမယ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် အဇါဒါရီ ပြုကြပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒါနီယာလ် အန်ဝါရီ  ခေါ် အဘူ မဲဟ်ဒီ သည် ဖိလစ်ပိုင် နိုင်ငံ ၏ ရှီအဟ် အာလင်မ် တစ်ပါး ဖြစ်ပြီး  ၁၉၈၇ ခုနှစ် တွင် ပထမဆုံး ရှီအဟ် လှုပ်ရှားမှုကို တည်ထောင် ခဲ့သူ ဖြစ်ပါ တယ်။

ဖိလစ်ပိုင်ရှိ ရှီအဟ် မွတ်စလင်များ၏ အခြေအနေ နှင့် ပတ်သက်၍ ၎င်း နှင့် အဗ်နာ သတင်းဌာန မှ အမေးအဖြေ အနည်းငယ် ပြုလုပ်ခဲ့ပါတယ်။

အဗ်နာ -  ပထမဦးစွာ ဖိလစ်ပိုင်တွင် ရှီအဟ် မွတ်စလင်မ်  ပြန့်ပွားမှု သမိုင်းကြောင်းကို ပြောပြပေးပါ ခင်ဗျား ...

အဘူ မဲဟ်ဒီ - ဖိလစ်ပိုင်ရှိ ရှီအဟ် ကျောင်းတော် သို့ဦးတည်သောလမ်းကြောင်းသည် ၁၃၆၁ ခုနှစ်  တွင် မိမိ ၏ ဇာတိ ဘွန်ဂါ  မြို့မှစတင်ခဲ့ပါတယ်။ ဒီ ရက်မတိုင်ခင် ဖိလစ်ပိုင်မှာ ရှီအဟ် တွေ့ရှိရမှာမဟုတ်ပါ။ ကျနော်တို့ အနေဖြင့် စာအုပ် စာပေများကိုလေ့လာ ဖတ်ရှု ပြီး ပမာ အားဖြင်း အလ်မိုရာ ဂျေအာသ် စာအုပ် ကိုဖတ်ရှုပြီး ပြီးနောက် အေမာမ် ခိုမေနီ (ရ.ဟ) ဦးဆောင် သည့် အီရန် အစ္စလာမ်မစ် တော်လှန်ရေး ကိုလေ့လာ ပြီး ရှီအဟ် ကျောင်းတော် သည် စစ်မှန်သောအစ္စလမ်ဘာသာ ဖြစ်ကြောင်း ရလဒ် ရခဲ့ပါတယ်။

အဲဒီတုန်းက ကျနော် တက္ကသိုလ်တက်နေတဲ့ အချိန် ပြီး အဲဒီကနေ သာသနာ ပြုဖို့  ဆုံးဖြတ်ခဲ့ပါတယ်။ အလ်ဟမ်ဒိုလစ်လ္လာဟ် ကျနော် ဘွန်ဂါ  မြို့၌ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အစ္စလာမ်မစ် လှုပ်ရှားမှုကို တစ်နှစ် အတွင်း စုစည်းနိုင်ခဲ့ပြီး ဖိလစ်ပိုင်၏ အခြားမြို့များတွင်လည်း ဤလှုပ်ရှားမှု၏ အခွဲများကို စတင် နိုင်ခဲ့ပါတယ်။ ကျနော်တော် နိုင်ငံမှ ညီအစ်ကိုများသည် ဘာသာရေးပညာရပ်များကို လေ့လာရန် ကွမ်မြို့သို့ တဖြည်းဖြည်း ခရီးထွက်ခဲ့ကြပြီး ရလဒ်အနေဖြင့် ဤညီအစ်ကိုများ၏အကူအညီဖြင့် ဖိလစ်ပိုင်ရှိ တက္ကသိုလ်များနှင့် ကျောင်းများနှင့် အခြားနေရာများတွင် ရှီအဟ် မွတ်စလင်မ် ဝါဒကို ဖြန့်ကျက်နိုင်ခဲ့ပါတယ်။

အဗ်နာ -  ဖိလစ်ပိုင်ရှိ ရှီအဟ် ကျောင်းတော် ကို မြှင့်တင်မှုအခြေအနေက ဘယ်လို ရှိပါသလဲ ?

အဘူ မဲဟ်ဒီ - ကျနော် အနေဖြင့်  ရှီအဟ် ကျောင်းတော် ဝါဒ သင်ကြားမှု အား ၁၉၉၇ ခုနှစ်  တွင် မဒရ်စဟ် အဲဟ်လေ့ဘိုက်(သ) (အ.စ) စတင်ခဲ့ပါတယ်။ အဲဒီ မဒရ်စဟ် (ကျောင်း) အား အဲဒီက နေ ယနေ့ အထိ ကျနော်  စီမံခန့်ခွဲခဲ့ပါတယ်။ ကျောင်းအုပ် ဖြစ်ပါတယ်။ ယခု ဆို ကျနော်တို့ ဖိလစ်ပိုင် နိုင်ငံ တွင် ရှီအဟ် မွတ်စလင်မ် သာသနာပြု  အာလင်မ် ၄၄ ဦးရှိပြီး နိုင်ငံအသီးသီးတွင် ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်လျက်ရှိပါတယ်။

အရင်းအမြစ်များ အကန့်အသတ်ရှိသော်လည်း ကျနော်တို့ အနေဖြင့်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သွန်သင်ချက်များကို သင်ယူနိုင်ပြီး အခြားသူများကို သင်ကြားပေးနိုင်ခဲ့ပါတယ်။ ဤသွန်သင်ချက်များသည် ရှီအဟ် မွတ်စလင်မ် မဟုတ်သူများအတွက်သာမက ဖိလစ်ပိုင်ရှိ ခရစ်ယာန်များသည်လည်း ရှီအဟ် မွတ်စလင်မ် ဖြစ်ရန် အလွယ်တကူ ဝင်ရောက်နိုင်သည့် စွမ်းရည်ရှိ ကို သိခဲ့ရပါတယ်။

အဗ်နာ -  ဖိလစ်ပိုင်အစိုးရ နှင့် လူကြီးမင်းတို့ ၏ ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ ?

အဘူ မဲဟ်ဒီ - ကျနော်တို့ ဟာ ဖိလစ်ပိုင်နိုင်ငံ ၏ မြို့တော် မနီလာရှိ ရှီအဟ် ကျောင်းနှင့် နိုင်ငံတွင်း ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မင်ဒါနာအို မြို့ တွင် အချိန်အတော်ကြာ သာသနာ ပြုနေပါတယ်။ကျနော်တို့ ဖိလစ်ပိုင်အစိုးရ နှင့် ဆက်ဆံရေးကောင်းမွန်စွာ ရှိပါတယ်။ ပြီးနောက် ဖိလစ် ပိုင် နိုင်ငံ ၏ လက်ရှိ သမ္မတ Ferdinand Romualdez Marcos Jr  နှင့်လည်း အဆက်အသွယ် ပြုခဲ့ပါတယ်။

.......................................................

END / 251