အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မိုအ်မင် တစ်ဦး၏ လက္ခဏာသုံးရပ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၁၀ ဒီဇင်ဘာ ၂၀၂၄ - ၁၁:၂၉
မိုအ်မင် တစ်ဦး၏ လက္ခဏာသုံးရပ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الرضا علیه السلام:

اَلْمُؤمِنُ اِذا غَضِبَ لَمْ يُخْرِجْهُ غَضَبُهُ عَنْ حَقٍّ، وَ اِذا رَضِىَ لَمْ يُدْخِلْهُ رِضاهُ فى باطِلٍ، وَ اِذا قَدَرَ لَمْ يَأْخُذْ اَكْثَرَ مِنْ حَقِّهِ.

 

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« မိုအ်မင် ယုံကြည်သူသည် ဒေါသဖြစ်သောအခါ  ၎င်း၏  ဒေါသ သည် (ဟက်) သမ္မာတရား နှင့် ဝေးရာသို့ မပို့ ဆောင်ချေ။ ပျော်ရွှင်သောအခါ၌ ၎င်း ၏ပျော်ရွှင်မှုသည် မှားယွင်းမှု ဘက်သို့ မပို့ဆောင်ချေ။ တန်ခိုး နှင့် အစွမ်းသတ္တိကို ပိုင်ဆိုင်သောအခါ၌ မိမိ ရပိုင်ခွင့်(သုံးပိုင်ခွင့်ထက်)  ပို၍ မယူချေ။(မသုံးချေ။)  »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၃၅၅  

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့်  မိုအ်မင် ၏ လက္ခဏာ သုံးရပ် ကို ထင်ရှားစွာ သိမြင်ရမည် ဖြစ်ပါတယ်။ ပထမလက္ခဏာ မှာ မိုအ်မင် တစ်ဦး အနေဖြင့်  အကြောင်း အမျိုးမျိုးကြောင့် ဒေါသ ထွက် သည့် အခါ မိမိဒေါသ အား ဟက်(အမှန်တရား) ဆိုသည့် စည်းကို မကျော်ချေ။ ပမာအားဖြင့် ညစ်တီးညစ်ပတ် ဆဲဆိုခြင်း ၊ စွပ်စွဲခြင်း စသည်တို့ကို မပြုလုပ်ချေ။  ဒုတိယ လက္ခဏာ မှာ မိုအ်မင် ပျော်ရွှင်သည်အခါ မှားယွင်းသည် ဘက် မှားယွင်းသည့် အလုပ်ကိုမလုပ်ချေ။ ပမာ အားဖြင့် မင်္ဂလာဆောင်သည့် အခါ မင်္ဂလာပွဲတွင် တရားတော် မှ ခွင့်မပြုထားသည့် တီးဝိုင်းများ အရက်ဝိုင်းများ စီစဥ် ခြင်း စသည် တို့ ဖြစ်ပါတယ်။ တတိယ လက္ခဏာ မှာ  တန်ခိုး နှင့် အစွမ်းသတ္တိကို ပိုင်ဆိုင်သောအခါ၌ မိမိ ရပိုင်ခွင့် (သုံးပိုင်ခွင့်ထက်)  ပို၍မသုံး၊မယူ ခြင်းဖြစ်ပါတယ်။ ပမာ အားဖြင့် မိမိ လူကြီး ဖြစ်လာသည့် အခါ ငွေကြေး တတ်နိုင်လာသည့်အခါ နေရာ ရလာ သည့် အခါ ခုံရသည့် အခါ စသည် ဖြင့်  အလွဲသုံးစား မလုပ်ခြင်း ဖြစ်ပါတယ်။

****************************************************************

END / 251