မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် မျက်မမြင်တစ်ဦးကို ကူညီခြင်းအတွက် ဆုလာဘ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၇ ဒီဇင်ဘာ ၂၀၂၄ - ၀၇:၅၀
မျက်မမြင်တစ်ဦးကို ကူညီခြင်းအတွက် ဆုလာဘ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

مَنْ قَادَ ضَرِیرًا إِلَى الْمَسْجِدِ، أَوْ إِلَى مَنْزِلِهِ، أَوْ إِلَى حَاجَةٍ مِنْ حَوَائِجِهِ، کَتَبَ اللَّهُ لَهُ بِکُلِّ قَدَمٍ رَفَعَهَا، أَوْ وَضَعَهَا عِتْقَ رَقَبَةٍ، وَصَلَّتْ عَلَیْهِ الْمَلاَئِکَةُ حَتَّى یُفَارِقَهُ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« အကြင်မည်သူ မဆို မျက်မမြင်တစ်ဦးအား ဗလီသို့ မဟုတ် ၎င်း၏ အိမ် သို့မဟုတ် ၎င်းသွားချင်သည့်(တရားဝင်) နေရာ အထိ ပို့ဆောင် ပေးမည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း လှမ်းသည့်  ခြေလှမ်း  နှင့် မြေပထဝီ ပေါ် လျှောက်လှမ်းသမျှ ခြေလှမ်း တိုင်း ၏ အစား ၎င်း ၏ ပြုလုပ်သည့် စာရင်း တွင် ကျွန် တစ်ဦး အား လွတ်ပေးသည် ဆဝါးဗ် အားရေးမှတ်စေတော်မူမည်။ ပြီးနောက် ကောင်းကင်တမန်များ သည်  ၎င်းအပေါ် မျက်မမြင် နှင့် မခွဲ မခွာ မှီတိုင်အောင် သရူးဒ် (ကောင်းချီးမင်္ဂလာ) ပို့သ လေ၏။   »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၃  ၊ စာမျက်နှာ ၃၅၉

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် မျက်မမြင် တစ်ဦး အား ကူညီပေးသည့် ဆဝါးဗ် အား ထင်ရှား စွာ သိမြင်ရမည် ဖြစ်ပါတယ်။ ထိုပြင် လမ်း၌ မျက်မမြင် တစ်ဦး လမ်းကူးရန် အခက်အခဲ ဖြစ်နေ ချိန် ထိုမျက်မမြင် အား ကူညီပြီး လမ်းကူးပေးလျင် အင်န်ရှာအလ္လာဟ် ဤ ဟဒီးစ်တော် လာ ဆဝါးဗ် ကို ရရှိမည် ဖြစ်ပါတယ်။ ယုတ်စွ ထို မျက်မမြင်သည် မွတ်စလင်မ် မဟုတ်ဘဲ အခြား ဘာသာခြားပင် ဖြစ်နေပါစေ ။ ကူညီပေးရမည် ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ်

****************************************************************

END / 251