သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ဘွဲ့တော် တစ်ပါး ဖြစ်သည့် ဇဟ်ရာ အကြောင်း တစေ့တစောင်း ကျမ်းအကိုးအကားများဖြင့် လေ့လာသူများ အသိပွားစေရန် တင်ပြလိုက်ပါတယ်။

၁၉ နိုဝင်ဘာ ၂၀၂၄ - ၀၄:၃၂
သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ဘွဲ့တော် တစ်ပါး ဖြစ်သည့် ဇဟ်ရာ အကြောင်း တစေ့တစောင်း

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဇဟ်ရာ ဆိုသည် အမည် မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ဘွဲ့တော် များ မှ တစ်ခု ဖြစ်ပါတယ်။ ဆိုလိုသည့် အဓိပ္ပာယ် ကတော့ အဖြုရောင် နှင့် ထွန်းလင်းတောက်ပ ခြင်း ဖြစ်ပါတယ်။ သာဓက အားဖြင့် ပုလဲ ကဲ့သို့ တောက်ပ ခြင်းဖြစ်သည်လို ဆိုလိုခြင်း ဖြစ်ပါတယ်။

 ရှီအဟ် သာသနာ့ပညာရှင်များမှ အကျော်အမော် တစ်ပါး ဖြစ်သည့် အလာမဟ် မိုဟမ္မဒ် ဘာကဲရ် မဂျ်လေစီ အနေဖြင့် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံ မှဆင့်ပြန်လာရှိသည့် ဟဒီးစ်တော် တစ်ပါး၏ သဖ်စီးရ် တွင် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ဘွဲ့တော် တစ်ပါး ဖြစ်သည် ဇဟ်ရာဆိုသည့် ဘွဲ့တော် ပိုင်ဆိုင်ရခြင်း ၏ အထောက်အထား မှာ နာမ်ပိုင်းဆိုင်ရာ အရ လင်းဝင်းတောက်ပ သည့် အတွက်ကြောင့် ဖြစ်ကြောင်း ဆိုထားပါတယ်။ ဇဟ်ရာ (သို့မဟုတ်) ဖွာတွေမဟ်သွန်ဇ် ဇဟ်ရာ ဆိုသည့် စကားလုံး သည် ဟဒီးစ်တော်များ နှင့် ဇေယာရသ် နာမဟ် များတွင် လာရှိ အသုံးပြုထားသည့် သခင်မကြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ နာမည် များမှ ဖြစ်ပါတယ်။ 

ဤနည်းတူစွာ ရှီအဟ် အေမာမ်များ (အ.စ) (၁၁) ပါးအား အဗ်နာအို ဖွာတွေမဟ်သွန်ဇ်ဇဲဟ်ရာ ( ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ကလေးများ ) ဟု ကျော်ကြားကြောင်း လေ့လာ ရပါတယ်။ရှီအဟ်ဟဒီးစ်တော်များတွင် ဇဟ်ရာ (ခ) ဇဲဟ်ရာ ဘွဲ့တော် ဖြင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) အား ခေါ်ဆိုရသည့် အထောက် အထား များစွာလာရှိပါတယ်။ နမူနာ အားဖြင့် ခြောက်ပါးမြောက် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံတော် မှ ရီဝါယသ် ဆင့်ပြန်ချက်တစ်ခု လာရှိသည် မှာ -« ဇဟ်ရာ အမည်တွင်သည်၊ အကြောင်းမှာ သခင်မကြီး ၏ မျက်နှာတော် သည် အေမာမ်အလီ (အ.စ) ၏ အမြင်တော် တွင် လင်းဝင်း တောက်ပနေသောကြောင့် ဖြစ်ပါသည်။ »

အခြားရီဝါယသ်တော် များတွင် ဤကဲ့သို့ လာရှိတာကို လေ့လာ နိုင်ပါတယ်။ ။ ဟဇရသ် ဖွာတွေမဟ် (စ.အ) ခဝပ် ၊ဝတ်ပြုကိုးကွယ်ရန် မတ်တပ်ရပ်တော် မူ သည့် အခါ ကောင်းကင်ကြယ်တာ များ သည် မြေပေါ်တွင် နေထိုင်သူများ ကို အလင်းပေးသကဲ့သို့ သခင်မကြီး ၏ အလင်းရောင်သည် ကောင်းကင် သား များ အား အလင်းပေးခဲ့ပါတယ်။ထိုနည်းတူစွာ ရီဝါယသ်တော် တစ်ခု တွင် လာရှိသည် မှာ -အလ္လာဟ် ဟိုအရှင်မြတ် သခင်သည် မိမိ ၏ ကြီးမြတ်သောအလင်းတော် မှ ဟဇရသ် ဖွာတွေမဟ် (စ.အ) ကို ဖန်ဆင်းတော် မူ ခဲ့ပါတယ်။

 ဟဇရသ် ဖွာတွေမဟ် (စ.အ) ကို ဖန်ဆင်းသောအခါ ကောင်းကင်နှင့် မြေကြီးကို သခင်မ ပေါ်ရှိ အလင်းရောင် ကြောင့် လင်းထိန်သွားကာ ကောင်းကင်တမန်များ သည် ငေးငိုင် သွားကြပါတယ်။စွန်နီ များအထူးအလေးပေး အလေးထားသည့် ဟဇရသ် အာအေရှဟ် ထံ မှ လည်း ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ မျက်နှာတော် ၏ ဝင်းလင်း တောက်ပမှုနှင့် ပတ်သက် ၍ ဟဒီးစ်တော် တစ်ပါး လာရှိပါတယ်။ဒီအကြောင်း ကို အလ်ကရ်မာနီ ရေးသားထားသည့် အလ်အခ်ဗါရိုလ် ဒိုဝလိုဝ အာစာရိုလ်အောင်ဝဲလ် ဖီးအလ်သာရီးခ် ကျမ်း အတွဲ ၁ ၊ စာမျက်နှာ ၂၅၆ ၊ ရူရှ်သရီ ရေးသားထား သည့် အဲဟ်ကာကိုလ်ဟက် ဝအစ်ဇ်ဟာကိုလ်ဗါသွေလ် ကျမ်း အတွဲ ၁၉ ၊ စာမျက်နှာ ၁၀ မှာ ဖော်ပြထား ပါတယ်။

ရှိက်ခ် ဆူဒူက် ရေးသားထားသည့် အလ်အမာလီ ကျမ်း၊ စာမျက်နှာ ၆၉၂ နှင့် ရှီက်ခ် ကိုလိုင်းနီ၊ ရေးသားထားသည့် အလ်ကာဖီ ကျမ်း အတွဲ ၁၊ စာမျက်နှာ ၂၄၀ ပြီးနောက် မတ်စ်အူဒီ ရေးသားထားသည့် အစရာရိုလ်ဖွာတွေမဟ် ကျမ်း ၏ စာမျက်နှာ ၄၀၉ တွင် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏အမည်များအကြောင်းကို အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ဟဒီးစ်တော် တစ်ပါး တွင်ဖော်ပြ လာရှိပါတယ်။အလ္လာဟ်ဟို အရှင်မြတ် ၏ အမြင်တော် တွင် အမည် နှင့် ဘွဲ့တော် သည် ကိုးခု ရှိပါတယ်။ 

၎င်းတို့မှာ (၁)ဖွာတွေမဟ် (စ.အ) ၊ (၂)ဆစ်ဒီကဟ် (စ.အ) ၊ (၃) မိုဘာရေကဟ် (အ .စ) ၊ (၄) သွာဟေရဟ် (စ.အ) ၊ (၅) ဇကီးယဟ် (စ.အ) ၊ (၆) ရာဇီးယဟ် (စ.အ) ၊ (၇) မရ်ဇီးယဟ် (စ.အ) ၊ (၈) မိုဟဒစ်စဟ် (စ.အ) နှင့် (၉) ဇဟ်ရာအ် (စ.အ) ဖြစ်ပါတယ်။ကျွန်ုပ်တို့ ရှီအဟ် မွတ်စလင်မ် များ ထံ ရောက်ရှိလာသည့် ဟဒီးစ်တော် များသည် ဟဇရသ် ဖွာတွေမဟ် (စ.အ) အမည်များ နှင့် ဘွဲ့တော်များသည့် သခင်မကြီး၏ ကြီးကျယ် မြင့်မြတ် မှုအပေါ် အခြေခံထားခြင်း ဖြစ်ပါ တယ်။ရှီအဟ် ဟဒီးစ်ကျမ်းများ တွင် ဇဟ်ရာ ဘွဲ့တော် နှင့်ပတ်သက်၍ ရှင်းပြရန် အပိုင်းများကို အာရုံစိုက်ထားပါတယ်။ အလေးပေးထားပါတယ်။ သို့ဖြစ်ပါ၍ ရှိက်ဆူဒူက် ဖဆ်လီ ရေးသား သီးကုံးထားသည့် အလလွတ်ရှ်ရှရာယေအ် ကျမ်း နှင့် အလာမဟ် မိုဟမ္မဒ် ဘာကဲရ် မဂျ်လေစီ ရေးသား သီးကုံးထား သည့် ဘေဟာရိုလ်အန်နဝါရ် ကျမ်း အတွဲ ၄၃ ၏ တစ်စိတ်တစ်ပိုင်းတွင် ဇဟ်ရာ ဘွဲ့တော် နှင့်ပတ်သက်၍ ရေးသားထားလာ ရှိပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဌာန (ခ) မှတ်ပုံတင်ရုံး တွင် မှတ်ပုံတင်ထားသော အမည်များ၏ အစီရင်ခံစာအရ ဇဟ်ရာ သည် အီရန်အမျိုးသမီးအမည်များ အနက်မှ အထားအများဆုံး အမည် များမှ တစ်ခုဖြစ်ပါတယ်။ သက်သေ အားဖြင့် အီရန်သက္ကရာဇ် ၁၃၉၂ ခုနှစ် ခရစ် သက္ကရာဇ် ၂၀၁၃ ခုနှစ်တွင် ဤအမည်သည် အီရန်တွင် ဒုတိယအသုံးအများဆုံး အမျိုးသမီးအမည်ဖြစ်ပါတယ်။

ကျမ်းကိုးကျမ်းကားများ

  بن‌اثیر الجزری، ابوالسعادات، النهایة فی غریب الحدیث و الاثر، تحقیق طاهر احمد الزاوی - محمود محمد الطناحی، انتشارات المکتبة العلمیة، بیروت، ۱۹۷۹م.

  ابن‌منظور، محمد بن مکرم لسان العرب، ناشر دار صادر، بیروت، چاپ اول، ۱۴۱۴ق.

  شوشتری، نورالله بن شریف الدین، إحقاق الحق و إزهاق الباطل، کتابخانه عمومی حضرت آیت‌الله العظمی مرعشی نجفی (ره)، قم، ۱۴۰۹ق.

 ویکی شیعه

  شیخ صدوق، محمد بن علی، الخصال، تحقیق علی‌اکبر غفاری، جامعه مدرسین قم، قم، ۱۳۶۲ش.

  شیخ صدوق، محمد بن علی، علل الشرائع، مکتبة الداوری، قم، بی‌تا.

  شیخ صدوق، محمدبن علی، الامالی، قم مؤسسه البعثة، ۱۴۱۷ق.

  القرمانی، احمد بن یوسف، الاخبار الدول وآثار الاول فی التاریخ، تحقیق الدکتور فهمی سعد و الدکتور احمد حطیط، عالم الکتب. بیروت، بی‌تا.

  کلینی، محمد بن یعقوب، الکافی، تحقیق علی‌اکبر غفاری، تهران، دارالکتب الاسلامیه، ۱۳۶۳ش.

  مجلسی، محمدباقر، جلاء العیون تاریخ چهارده معصوم، تحقیق سید علی امامیان، قم، سرور، ۱۳۸۰ش.

  مجلسی، محمدباقر، بحارالأنوار، بیروت، دار إحیاء التراث العربی، ۱۴۰۳ق.

  مسعودی، محمدفاضل، اسرار الفاطمیه، تحقیق: سیدعادل علوی، مؤسسة الزائر، ۱۴۲۰ق.

.......................................................

END / 251