ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားနေသည့်အဖွဲ့ ဟားမတ်စ် အဖွဲ့၏ တက်ကြွလှုပ်ရှားသူ ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ် သည် ဟာဖေဇ်ဇေကုရ်အာန်များ ကို ဂရုစိုက် တွယ်တာ ကြောင့် သိရှိရပါတယ်။

၅ နိုဝင်ဘာ ၂၀၂၄ - ၀၅:၅၄
ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ် သည် ဟာဖေဇ်ဇေကုရ်အာန်များ ကို ဂရုစိုက်သူဖြစ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Aqna News နှင့် Al Jazeera Mubasher News အဆိုအရ ဟားမတ်စ်နိုင်ငံရေးရုံးအဖွဲ့ဝင် ကမာလ် အဘူအောင်းန် က Ansar al-Nabi International Organization ၏ သုံးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် “ကျနော် ဟာ ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ်  ( အဘူ အီဗရာဟီးမ် )  နှင့် နေ့တိုင်း တွေ့ဖြစ်တယ်။ "ဟု ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ်   သည် ခေါင်းဆောင်မှုအရည်အသွေးများ မပိုင်ဆိုင်မီ အီမာန် ၏ မြင့်မားသည့် အဆင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း အကြောင်း မှာ ၎င်း ၏ သွန်သင် ထိန်းကျောင်း မှုမှာ မတ်စ်ဂျစ်ဒ်များ နှင့် ကျမ်းမြတ် ကုရ်အာန် ၏ မဲဟ်ဖေလ်များ တွင် ရခဲ့သည့် အတွက်ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယင်းရင်းနှီးမှုနှင့်ပတ်သက်ပြီး တစ်ကြိမ်တွင် ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ် သည် မှ ဟားမတ်စ်အား ဒေါ်လာလေးသိန်းပေးခဲ့ပြီး ယင်းအနက်မှ ဒေါ်လာနှစ်သိန်းသည် ဒါရိုလ်ကုရ်အာန် အတွက် ဖြစ်ပြီး ကျန် ဒေါ်လာ နှစ်သိန်း မှာ အလ်ကစာမ် ( ဟားမတ်စ် စစ်တပ် ) အား ထောက်ပံ့ လှူဒါန်း ခဲ့ကြောင်း  ကမာလ် အဘူအောင်းန် က ပြောကြားခဲ့ပါတယ်။

ကမာလ် အဘူအောင်းန်  မှ "ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်ထားသူများ (ဟာဖေဇ်များ ) ကို အလ်ကစာမ် ( ဟားမတ်စ် စစ်တပ် )  ၏ မိုဂျာဟစ်ဒ်ဒီးန် ကဲ့သို့ မြင်ကြောင်း ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ်  ပြောခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ယနေ့ စစ်မြေပြင်တွင် မြင်တွေ့ရသူ အများစုမှာ ကုရ်အာန်ကျမ်းကို အာဂုံဆောင်ထားသူများ (ဟာဖေဇ်မများ ) ဖြစ်ကြသည်ဟု ပြောကြားခဲ့ပါတယ်။

.......................................................

END / 251