ယီမင်မီဒီယာက မိမိ နိုင်ငံရဲ့မြို့တော် ဆနအာအ် ကို နယ်ချဲ့ အစ္စရေး ဇီယွန် မှ လေကြောင်း ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

၂၈ ဒီဇင်ဘာ ၂၀၂၄ - ၀၉:၄၅
နယ်ချဲ့ အစ္စ‌ရေး မှ ယီမင်မြို့တော် ကို နောက်ထပ် လူမဆန်စွာ တိုက်ခိုက်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA ၏ အစီရင်ခံစာအရ အလ်မစီရဟ် ရုပ်သံလိုင်းသည် သောကြာနေ့ညတွင်  စနအာအ် မြို့တော်  ကို နယ်ချဲ့ အစ္စရေး ဇီယွန် မှ လေကြောင်း ဖြင့် တိုက်ခိုက်ကြောင်း အရေးပေါ်သတင်းအဖြစ် ကြေညာခဲ့ပါတယ်။

တိုက်ခိုက်မှုအသေးစိတ်နှင့်  ပစ်ခဲ့သည့် ပစ်မှတ်များကို ထုတ်ပြန်ခြင်းမရှိသေးချေ။ ဇီယွန်အစိုးရ၏ စစ်လေယာဉ်များက ယီမင်နိုင်ငံရှိ နေရာ အသီးသီး ရှိ အခြေခံအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ကြာသပတေးနေ့ညနေပိုင်းတွင် ဖော်ပြခဲ့ပါတယ်။

နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရ၏ စစ်လေယာဉ်များသည် စနာအာအ်  နှင့် အလ်ဟဒီးဒဟ် ရှိ နေရာ ခုနစ်ခုကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။

.......................................................

END / 251