အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖွာတွေမဟ် မိုဟာ ဂျရာနီ သည် တီဟီရန်တွင် နိုင်ငံတကာ ပြပွဲတစ်ခုအတွင်း သတင်းထောက်များ၏ မေးခွန်း များကို ဖြေကြားခဲ့ပါတယ်။
ဒမတ်စကတ်ရှိ အီရန်သံရုံးကို ပြန်လည်ဖွင့်လှစ်ရန် အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ၎င်းက အသိပေးခဲ့ ပါတယ်။
“ဆီးရီးယားပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားပြီး အစိုးရကို လက်ခံတဲ့အနေနဲ့ အီရန်အရာရှိတွေဟာ ဆီးရီးယား အရေးမှာ ရပ်တည်ပြီးပါပြီ” ဟု ဖွာတွေမဟ် မိုဟာ ဂျရာနီ က သတင်းထောက်များအား ပြောကြား ခဲ့ပါတယ်။
အကြမ်းဖက်မှုကို တားဆီးခြင်းသည် ဆီးရီးယားနှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွား အတွက် ဖြစ်ကြောင်း ဖွာတွေမဟ် မိုဟာ ဂျရာနီ က ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆီးရီးယား နိုင်ငံ ၏ မြို့တော် ဒမတ်စကတ်ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုများ လုပ်ဆောင်နေသည်ဟု အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖွာတွေမဟ် မိုဟာ ဂျရာနီ က ပြောကြား ခဲ့ပါတယ်။
.......................................................
END / 251