အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဆောင်းရာသီ၏ အင်္ဂါရပ်များ နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၂၂ ဒီဇင်ဘာ ၂၀၂၄ - ၂၃:၅၇
ဆောင်းရာသီ၏ အင်္ဂါရပ်များ

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မအာနီယိုလ်အက်ခ်ဗါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الصادق (عليه السلام):

الشِّتاءُ رَبِيعُ المُؤمِنِ، يَطُولُ فيهِ لَيلُهُ فَيَستَعِينُ بهِ على قِيامِهِ، ويَقصُرُ فيهِ نَهارُهُ فَيَستَعِينُ بهِ على صِيامِهِ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

« အီမာန် သက်ဝင် ယုံကြည်သူများ အတွက် ဆောင်း ရာသီသည် နွေဦးရာသီဖြစ်ပါသည်။ အကြောင်းသည်ကား ဆောင်းရာသီ ၏ ညများသည် ရှည်လျား ပါသည်။ ဤရာသီသည် အီမာန် သက်ဝင် ယုံကြည်သူများ အား ညအချိန်တွင် အေဗါဒသ် ပြုရန် ကူညီပေးပြီး နေ့ရက်တိုတောင်းသောကြောင့် အီမာန် သက်ဝင် ယုံကြည်သူများ အား ရိုဇဟ်ထား ရန် ကူညီပေးပါသည်။  »

ကျမ်းကိုး ။ ။ မအာနီယိုလ်အက်ခ်ဗါရ် ကျမ်း ၊  ၁ / ၂၂၈

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ဆောင်းရာသီ ၏ ညများကို အေဗါဒသ်များများ လုပ်နိုင်အောင် ၊ ဆောင်းရာသီ၏  နေ့များ တွင် မိမိတို့၏ ကဇွာရိုဇဟ်များ မွတ်စ်သဟဗ် ရိုဇဟ်များ ကိုထားနိုင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251