အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher သတင်းဌာန၏ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ဇီယွန်ဝါဒီအစိုးရအပေါ် စည်းလုံးညီညွတ်စွာ အရေးယူဆောင်ရွက်ရန် လိုအပ် ကြောင်း ကိုင်ရိုမြို့ D-8 ထိပ်သီးအစည်းအဝေးတွင် ၎င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ်။
အကျပ်အတည်းဖြစ်ပွားနေသောဒေသများရှိ ကျွန်ုပ်တို့၏မွတ်စလင်ညီအစ်ကိုများအား ထပ်မံမထိခိုက်စေရန် လက်တွေ့ကျပြီး ချက်ခြင်းလက်ငင်းလုပ်ဆောင်ရန်မှာ ကျွန်ုပ်တို့၏ဘာသာရေး၊ တရားဥပဒေနှင့် လူသားတို့ ၏တာဝန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဇီယွန်အစိုးရသည် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းဖြင့် ဒေသတွင်း မတည်မငြိမ်ဖြစ်မှုကို ပြုလုပ်နေကြောင်း D8 အဖွဲ့ဝင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ညီရင်းအစ်ကိုရင်းမြစ်အပေါ် အခြေခံ၍ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆီသို့ လေးနက်သော ခြေလှမ်းများကို ကျွန်ုပ်တို့ စောင့်ကြည့် သွားမည် ဟု သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ပြောကြားခဲ့ပါတယ်။
ထိုနောက် နိုင်ငံ့အကျိုးအတွက် မွတ်စလင်မ် နိုင်ငံများ၏ မျိုးဆက်သစ်လူငယ်များ ကို ရင်းနှီးမြှုပ်နှံဖို့ အလေးပေး ပြောကြားခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် အီရန်သည် ပူးတွဲ D-8 ဘဏ်ကို ထူထောင်ရန် အဆင်သင့်ရှိပြီး အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်မှုပမာဏ တိုးမြှင့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251