ဂါဇာကမ်းမြောင် နှင့် အနောက်ဂျော်ဒန်တို့၌ ဇီယွန်ဝါဒီတို့၏ လူမဆန် သည့် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး နောက်ထပ် ပါလက်စတိုင်းသား အများအပြား အာဇာနည် ဖြစ်ခဲ့ရပြီး ဒဏ်ရာရခဲ့ပါတယ်။

၁၉ ဒီဇင်ဘာ ၂၀၂၄ - ၁၂:၂၇
အကြမ်းဖက်အစ္စရေးတို့၏ ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး အဖိနှိပ်ခံ ပါလက်စတိုင်းတို့၏ နေအိမ်များပေါ်တွင် ဗုံးများ ပစ်ချ ၊ အများအပြား အာဇာနည် ဖြစ် ဒဏ်ရာရ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂါဇာရှိ အဒ်ဒဂျ် ဧရိယာရှိ လူနေအိမ်တစ်လုံးတွင် ဇီယွန်ဝါဒီများ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၉ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ် ။ ဇီယွန်စစ်တပ်သည် ဂါဇာတောင်ဘက်ရှိ ခန်းယူနွစ် ၏ ခဇါအေလ် နေရာကို ပစ်ခတ်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မြောက်ပိုင်း ဘိုက်သိုလာဟီယဟ် တွင် ဇီယွန်ဝါဒီစစ်တပ်က ပါလက်စတိုင်းများ အိုးမဲ့အိမ်မဲ့ ခိုလှုံနေရသည့် အိမ်တစ်လုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဇီယွန်ဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကမါလ်အဒ်ဝါန် ဆေးရုံ အရေးပေါ်ခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။