အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကေယာမသ်နေ့ တွင် ငိုစရာမလိုမည့် မျက်လုံး သုံးလုံး နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၁၈ ဒီဇင်ဘာ ၂၀၂၄ - ၀၉:၃၈
   ကေယာမသ်နေ့ တွင် ငိုစရာမလိုမည့် မျက်လုံး သုံးလုံး

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မအ်ဒနိုလ်ဂျဝါဟေရ် ဝ ‌ရေယာဇသိုလ်ခွါသွေရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါ တယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الباقر علیه السلام:

 

كُلُ عَيْنٍ باكِيَةٌ يَوْمَ القِيامَةِ اِلاّ ثَلاثَ عُيُونٍ: عَيْنٌ سَهَـرَتْ فِى سَبـيلِ اللّه ِوَ عَيْنٌ فاضَت مِنْ خَشْيَةِ اللّه ِ وَ عَيْنٌ غَضَّتْ عَنْ مَحارِمِ اللّه ِ.

 

အေမာမ် မိုဟမ္မဒ် ဘာကဲရ်    (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« ကေယာမသ်နေ့ (ခ) တရားဆုံးဖြတ်သောနေ့၌  မျက်လုံး သုံးလုံးမှ အပ မျက်လုံးတိုင်း ငိုကြလိမ့်မည် ဖြစ်ပါ သည် ။ ထို မျက်လုံး သုံးလုံးမှာ -

၁။ အလ္လာဟ်၏ လမ်း တွင် နိုးထသည့် မျက်လုံး

၂။ အလ္လာဟ်၏ ကြောက်ရွံ့၍ ငိုကြွေးနေသော မျက်လုံး

၃။ အလ္လာဟ်ဟို အရှင်မြတ် တားမြစ်ထားတဲ့ အရာတွေကို မကြည့်သည့်  မျက်လုံး တို့ ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ မအ်ဒနိုလ်ဂျဝါဟေရ် ဝ ‌ရေယာဇသိုလ်ခွါသွေရ် ကျမ်း ၊ စာမျက်နှာ ၃၄


မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့်  ကေယာမသ်နေ့ တွင် ကျနော် တို့၏ မျက်လုံးများ ငိုသည့် မျက်လုံးများတွင် မပါဝင် အောင် အထူးကြိုးသားရမည် ဖြစ်ပါတယ်။ ပြီးနောက် အထက်ဖော်ပြပါ မျက်လုံး သုံး မျိုးထဲတွင် ပါဝင် အောင် ကြိုးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251