ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုအ်မေနီ အနေဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မအ်ရေဖသ် နှင့် အချစ် မေတ္တာအား အား မနုဿ လူသား ၏ ကံကောင်း ခြင်း ၏ အရင်းအမြစ်အဖြစ် ပြောကြားပြီး ဟဇရသ် အွန်မိုလ် ဗနီးန် (စ.အ) သည် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ မအ်ရေဖသ် နှင့် အချစ် မေတ္တာ အတွက် လက်တွေ့ စံနမူနာ တစ်ခု ဖြစ်ကြောင်း မိမိ ၏ ချစ်ခြင်းမှန်သမျှ ကို အလ္လာဟ် လမ်းအတွက် စတေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၁၆ ဒီဇင်ဘာ ၂၀၂၄ - ၁၂:၀၉
   ဟဇရသ် အွန်မိုလ် ဗနီးန် (စ.အ) သည်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မအ်ရေဖသ် နှင့် အချစ်မေတ္တာ အတွက် လက်တွေ့ စံနမူနာ တစ်ခု ဖြစ်ပါတယ် / ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုအ်မေနီ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အစီရင်ခံစာအရ  သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ၏ ရောင်ဇာတော် ၏ တရားဟော ဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုအ်မေနီ အနေဖြင့် အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ မအ်ရေဖသ် နှင့် အချစ် အား မနုဿ လူသား ၏ ကံကောင်း ခြင်း ၏ အရင်း အမြစ် အဖြစ်  ပြောကြား ပြီး ဟဇရသ် အွန်မိုလ် ဗနီးန် (စ.အ) သည်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မအ်ရေဖသ် နှင့် အချစ် အချစ် မေတ္တာ အတွက် လက်တွေ့ စံနမူနာ တစ်ခု ဖြစ်ကြောင်း  မိမိ ၏ ချစ်ခြင်းမှန်သမျှ ကို အလ္လာဟ် လမ်း အတွက် စတေး ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုအ်မေနီ အနေဖြင့် ဒီဇင်ဘာလ ၁၅ ရက် ည တွင် သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ၏ ရောင်ဇာတော် တွင် တရား ဟောကြား ရင်း  ကျမ်းတော်မြတ် ကုရ်အာန် ၊ မအ်စူမီးန် (အ.စ) ၏ ဟဒီးစ်တော် များ ၊ ဒိုအာ များ ၊ ဇေယာရသ် နာမေဟ်များ ၊ ဇေယာရသ် ဂျာမေအဟ် ကဘီးရဟ်  တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မအ်ရေဖသ် နှင့် အချစ်အချစ် မေတ္တာ ၏ အရေးကြီး ကြောင်း တင်ပြ ထား ကြောင်း ဟောကြားခဲ့ပါတယ်။

လူတစ်ဦး တစ်ယောက် သည် မိမိကိုးကွယ်ရာလမ်းတွင် ဤအခြေခံ တရားနှစ်ပါးကို ထည့်သွင်းပါ က ဤ လောက နှင့် နောင်တမလွန်နှစ်ပါးစလုံး၌ အောင်မြင်မှုရ မည် ဖြစ်ကြောင်း မအ်ရေဖသ် နှင့် အချစ် မေတ္တာသည် လူတစ်ဦး ကို တောင်ကဲ့သို့ ခိုင်ခံ့သော ယုံကြည်သူဖြစ်စေနိုင်ကြောင်းဆက်လက် ဟောကြား ခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုအ်မေနီ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် မနုဿ လူကိုသား  မိမိ ၏ စစ်မှန်သော မအ်ရေဖသ် (အသိပညာ) အတွက် ဖန်ဆင်းခဲ့ပြီး ဤအသိပညာကို ရရှိသူသည် စစ်မှန်သော အလ္လာဟ့် ကျွန်ဖြစ်လာကြောင်း ရှင်းပြခဲ့ဟောကြားရင်း  ထိုသို့သော ကျွန်သည် အလ္လာဟ်အရှင်မြတ်မှ လွဲ ၍ မည်သူ ကို မျှ အားမကိုးကြောင်း ဟောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အလ္လာဟ် ဟို အရှင်မြတ် ၏ ပညတ်တော်များကို လိုက်နာခြင်း နှင့် အရှင် ၏ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းသည် မအ်ရေဖသ် နှင့် ချစ်ခြင်း မေတ္တာ ၏ ရလဒ် ဖြစ်ပြီး ဤကမ္ဘာ နှင့် နောင်တမလွန် တွင် ကံကောင်း ခြင်း ၏ အရင်းအမြစ် ပင် ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုအ်မေနီ အနေဖြင့် ဟဇရသ် ဆယက်ဒ် ဒွတ်ရှ်ရှိုဟဒါ (အ.စ) အကြောင်း တင်ပြ ဟောကြားရင်း ကရ်ဗလာ တွင် အပြင်းထန်ဆုံးစမ်းသပ်မှုများကြားမှ အေမာမ် ဟိုစိုင်းန် (အ.စ)  သည် အလ္လာဟ်  ဟို အရှင်မြတ် ၏ အမိန့် တိုင်း အား အပြည့်အဝ လိုက်နာ ဆောင်ရွက်ခဲ့ ကြောင်း မအ်ရေဖသ် ရစူ လွလ္လာဟ် (ဆွ) သည် အီမာန် ၏ အခြေခံ အုတ်မြစ် ဖြစ်ကြောင်း တမန်တော် မြတ် (ဆွ)  ၏ (စစ်မှန်၊ မှန်ကန်သည့်) ဟဒီးစ်တော် များ အားလုံး သည် အလ္လာဟ် ဟို အရှင်မြတ် ဘက် မှ ဖြစ်တော် မူကြောင်း မအ်စူမီးန် ၁၄ပါး (အ.စ) အား အချစ်မေတ္တာ ထားခြင်းသည် အလ္လာဟ် ဟို အရှင်မြတ် အား အချစ် မေတ္တာ ထားခြင်း၏ အကြောင်းခံ ကို ဖြစ်စေကြောင်း ဟောကြားခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုအ်မေနီ အနေဖြင့် ဟဇရသ် အွန်မိုလ် ဗနီးန် (စ.အ) သခင်မကြီး အကြောင်း ကို ဟောကြားရင်း ဟဇရသ် ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ပြီးနောက် သခင်မကြီး ၏သားသမီးများကို ပြုစုစောင့်ရှောက်ကာ ကရ်ဗလာ ဖြစ်ရပ်တွင် ကြီးစွာသောစွန့်လွှတ်အနစ်နာခံသော မိသားစုကို တည်ထောင်ပေးခဲ့သော ဤမဟာအမျိုးသမီးကြီး၏အမည်ကို သမိုင်းတွင် မှတ်တမ်း တင်ထား ကြောင်း ဟဇရသ် အွန်မိုလ် ဗနီးန် (စ.အ) သည်  အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ မအ်ရေဖသ် နှင့် အချစ် မေတ္တာ ကိစ္စ တွင် ပြည့်စုံ သူ စစ်မှန် ဖြစ်ကြောင်း မိမိ ၏ ဘဝ အား အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်မြို့ သဘောကျ မှု အတွက် မြှုပ်နှံထားသူဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251