မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ်ပြုခြင်း ၏ အကျိုး အမြတ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၁၃ ဒီဇင်ဘာ ၂၀၂၄ - ၀၈:၁၈
ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ်ပြုခြင်း ၏  အကျိုး အမြတ်

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

علَيكَ بقِراءةِ القرآنِ؛ فإنّ قِراءتَهُ كَفّارةٌ للذُّنوبِ، و سَترٌ في النارِ و أمانٌ مِن العذابِ.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« သင်အပေါ် ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ် ပြုရန်  တာဝန် ရှိပါသည်။ အကြောင်း မှာ ကျမ်းတော်မြတ် ကုရ်အာန် ၏ သေလာဝသ် သည် ဂိုနာဟ်များ အတွက် ဒဏ်ကြေး ဖြစ်ပါသည်။ ပြီးနောက် (ဂျဟန္နမ် ငရဲ) မီး အတွက် ပရ်ဒဟ် (ကာကွယ်ပေး သည့်၊အတားအဆီးပြုပေးသည့် အရာ)   နှင့် အဇါးဗ်  မှ လုံခြုံမှုရရန် အတွက် အကြောင်းခံ ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါသည်။   »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၉၂  ၊ စာမျက်နှာ ၁၇ ၊ ဟဒီးစ်တော် အမှတ် ၁၈

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့်  ကျမ်းတော်မြတ် ကုရ်အာန် သလာဝသ် ပြု ခြင်း၏  အကျိုး အမြတ် ကို ထင်ရှားစွာ သိရှိ ရမည် ဖြစ်ပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် အား ကျနော်တို့ အနေဖြင့် လမြတ် ရမ်ဒွန် ရောက်မှ သာ သေလာဝသ် ပြုရန် မဟုတ်ဘဲ နေ့စဥ်နေ့တိုင်း သေလာဝသ် ပြုရန် ဖြစ်ပါ တယ်။ ကျမ်းတော်မြတ်ကုရ်အာန် သေလာဝသ် ပြုခြင်း ဖြင့် ကျနော်တို့ ၏ ဂိုနာဟ်များ အတွက် ဒဏ်ကြေး ဖြစ်မည် ဖြစ်ပါတယ်။ ဂျဟန္နမ် ငရဲမီး ကို ကာကွယ်ပေးပြီး အတား အဆီး ပရ်ဒဟ် တစ်ခု ရရှိမည် ဖြစ်ပါတယ်။ ပြီးနောက်  အလ္လာဟ် ဟို အရှင်မြတ် ၏ အဇါးဗ်  မှ လုံခြုံမှုရရန် အတွက် အကြောင်းခံကို ဖြစ်စေ မှာ ဖြစ်ပါတယ်။ ဤ အတွက် ကြောင့် မိမိတို့ ကိုယ်တိုင်လည်းနေ့စဥ် ကျမ်းတော် မြတ် ကုရ်အာန် ကို သေလာဝသ် ပြုပြီး မိသားစုဝင်များ နှင့်မိဆ်ဆွေ များကိုလည်း နေ့စဥ် ကျမ်းတော် မြတ် ကုရ်အာန် ကို သေလာဝသ် ပြုရန် တိုက်တွန်း ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251