leader.ir ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ နမဲဟ်ရမ်များ ရှေ့ တွင် အရွယ်ရောက် အမျိုးသမီးများ ခြေအိတ် ပါးပါးလေး ဝတ်ခြင်းဆိုင်ရာ ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
နမဲဟ်ရမ် ရှိသည့်နေရာတွင် ပါးလွှာသောခြေအိတ် သို့မဟုတ် ခြေ အရောင် ပေါ်လွင် စေသည့် ခြေ အိတ် ဝတ်လျင် ပြဿနာရှိပါသလား? (ပိုင်ပါသလား? )
အဖြေ
အကယ်၍ ခြေအိတ် သည် ခြေကို မဖုံးမိမည် သို့မဟုတ် နမဲဟ်ရမ် ၏ အာရုံစိုက်မှုကို ဆွဲဆောင် ရန် အကြောင်းခံဖြစ်စေမည်ဆိုလျင် (ဤကဲ့သို့ခြေအိတ်များ) နမဲဟ်ရမ် အရှေ့တွင် ဝတ်ပိုင်ခွင့် မရှိချေ။
ရှင်းလင်းချက် အကျဉ်း ။ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ၏ အဖြေအရ အရွယ် ရောက် အမျိုးသမီး များ အတွက် နမဲဟ်ရမ် အရှေ့ တွင် ပါးလွှာသည့် ခြေအိတ် သို့မဟုတ် ခြေအရောင် ပေါ်လွင်စေသည့် ခြေအိတ် သို့မဟုတ် နမဲဟ်ရမ် ၏ အာရုံစိုက်မှုကို ဆွဲဆောင် စေသည့်ခြေအိတ် (သားကပ်ခြေအိတ်) များ ဝတ်ရန် ခွင့်မပြုထားသဖြင့် ခြေအိတ် မဝတ် ခြင်းသည် ၁၀၀ ရာခိုင်နှုန်း ဟရာမ် ဖြစ်ပေမည်။ ဤ အတွက်ကြောင့် ကျနော်တို့၏ အမေများ၊ အစ်မများ၊ညီမများ၊သမီးများ အနေဖြင့် မိမိတို့ အဲဟ်ကာမ် မသိခဲ့၍ ဖြစ်စေ ၊သိသော်လည်း မေ့လျော့၍ ဖြစ်စေ ဂရုမပြုမိ၍ ဖြစ်စေ နမဲဟ်ရမ်များ ရှေ့တွင် ခြေအိတ်မပါဘဲ လာခြင်း ၊ ပါးလွှာသည့် ခြေ အိတ်များ ဝတ်၍ လာခြင်းများ မပြုမိအောင် ကြိုးစားရမည် ဖြစ်ပါသည်။ ထိုပြင် ခြေအိတ်မဝတ်ထားသည့် ခြေများ မြင်နေရသည့် ၊ ခြေအိတ်ပါးပါးလေးများဝတ်ထားသည့် မိုအ်မင် အမျိုး သမီးများ ၏ ဓာတ်ပုံများကို ဖေ့စ်ဘုတ်ပေါ် တင်ခြင်း အခြား မီဓီယာများတွင် တင်ခြင်း ကို အထူး ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။ ပြီးနောက် ကျနော် တို့ ၏ တစ်ထွာ တစ်မိုက် ဥာဏ် သို့မဟုတ် ပညာ လေးနှင့် မရ်ဂျာအ် သက္က်လီးဒ်တော်များ ပေးထားသည့် ဖသ်ဝါများ အဖြေများကို ကယားစ် မပြုမိအောင် ကယားစ်ပြုပြီး အခြား မိုအ်မင်များကို လမ်းလွဲရောက် လုပ်ခြင်းများ ကိုလည်း ရှောင်ကြဥ် နိုင်အောင်ကြိုးစားရမည် ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
..................................................................................
END / 251