အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
مَنْ قَادَ ضَرِیرًا إِلَى الْمَسْجِدِ، أَوْ إِلَى مَنْزِلِهِ، أَوْ إِلَى حَاجَةٍ مِنْ حَوَائِجِهِ، کَتَبَ اللَّهُ لَهُ بِکُلِّ قَدَمٍ رَفَعَهَا، أَوْ وَضَعَهَا عِتْقَ رَقَبَةٍ، وَصَلَّتْ عَلَیْهِ الْمَلاَئِکَةُ حَتَّى یُفَارِقَهُ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« အကြင်မည်သူ မဆို မျက်မမြင်တစ်ဦးအား ဗလီသို့ မဟုတ် ၎င်း၏ အိမ် သို့မဟုတ် ၎င်းသွားချင်သည့်(တရားဝင်) နေရာ အထိ ပို့ဆောင် ပေးမည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း လှမ်းသည့် ခြေလှမ်း နှင့် မြေပထဝီ ပေါ် လျှောက်လှမ်းသမျှ ခြေလှမ်း တိုင်း ၏ အစား ၎င်း ၏ ပြုလုပ်သည့် စာရင်း တွင် ကျွန် တစ်ဦး အား လွတ်ပေးသည် ဆဝါးဗ် အားရေးမှတ်စေတော်မူမည်။ ပြီးနောက် ကောင်းကင်တမန်များ သည် ၎င်းအပေါ် မျက်မမြင် နှင့် မခွဲ မခွာ မှီတိုင်အောင် သရူးဒ် (ကောင်းချီးမင်္ဂလာ) ပို့သ လေ၏။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၃ ၊ စာမျက်နှာ ၃၅၉
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မျက်မမြင် တစ်ဦး အား ကူညီပေးသည့် ဆဝါးဗ် အား ထင်ရှား စွာ သိမြင်ရမည် ဖြစ်ပါတယ်။ ထိုပြင် လမ်း၌ မျက်မမြင် တစ်ဦး လမ်းကူးရန် အခက်အခဲ ဖြစ်နေ ချိန် ထိုမျက်မမြင် အား ကူညီပြီး လမ်းကူးပေးလျင် အင်န်ရှာအလ္လာဟ် ဤ ဟဒီးစ်တော် လာ ဆဝါးဗ် ကို ရရှိမည် ဖြစ်ပါတယ်။ ယုတ်စွ ထို မျက်မမြင်သည် မွတ်စလင်မ် မဟုတ်ဘဲ အခြား ဘာသာခြားပင် ဖြစ်နေပါစေ ။ ကူညီပေးရမည် ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ်
****************************************************************
END / 251