အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ အနေဖြင့် မတ်စ်ဂျစ်ဒ် အလ်ဖသ်ဟ် ကျမါရ်စရာ ရှရှ်သ် တွင် ပြုလုပ်သည့် သခင်မကြီး ဖွာတွေမဟ် ဇဟ်ရာ (စ.အ) ၏ ရှဟာဒသ် မဂျ်လစ် တွင် တရားရေအေးတိုက်ကျွေးရင်း ကုရ်အာန်၏ အရေးကြီး သော အချက်မှာ ၎င်းသည် တည်ငြိမ်ပြီး ခိုင်ခံ့သော ကွင်းဆက် ကို မိတ်ဆက် ပေးသည့် အပြင် အခြေအမြစ်မရှိသော ကွင်းဆက် ကို လည်း မိတ်ဆက်ပေးခြင်းပင်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ မှ ဆက်လက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်ကို ကောင်းမွန် သောအရင်း အမြစ် အဖြစ် မိန့်ကြားရင်း ဟဇရသ် ဇဟ်ရာ (စ.အ) သည် ကုရ်အာန်တွင်ဖော်ပြထားသော ကောင်စဲရ် ၏ အထင်ရှား ဆုံးသော သရုပ်သဏ္ဍာန်ဖြစ်ကြောင်း သခင်မကြီး (စ.အ) အတွက်ကြောင့် စူရဟ် ကောင်စဲရ် ကျရောက်ခဲ့ ကြောင်း မိန့်ကြား ခဲ့ပါတယ်။
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ မှ ထပ်လောင်း၍ အောင်မြင်မှု ဆို သည်မှာ ငွေကြေး ၊ စည်းစိမ်ဥစ္စာ၊ နာမည် ကျော်ကြားခြင်း နှင့် အာဏာ ၊စွမ်းအား ရှိခြင်း မှသာလျှင် ဖြစ်သည်ဟု လူတို့ထင်မြင်ယူဆခြင်းသည် မှားယွင်းသော အယူအဆဖြစ် ကြောင်း မိန့်ကြားခဲ့ပါတယ်။
.......................................................
END / 251