အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
قَالَ جَدِّي رَسُولُ اَللَّهِ صَلَّى اَللَّهُ عَلَيْهِ وَ آلِهِ مَلْعُونٌ مَلْعُونٌ مَنْ يَظْلِمُ بَعْدِي فَاطِمَةَ اِبْنَتِي وَ يَغْصِبُهَا حَقَّهَا وَ يَقْتُلُهَا ثُمَّ قَالَ يَا فَاطِمَةُ اَلْبُشْرَى فَلَكِ عِنْدَ اَللَّهِ مَقَامٌ مَحْمُودٌ تَشْفَعِينَ فِيهِ لِمُحِبِّيكِ وَ شِيعَتِكِ فَتُشَفَّعِينَ يَا فَاطِمَةُ لَوْ أَنَّ كُلَّ نَبِيٍّ بَعَثَهُ اَللَّهُ وَ كُلَّ مَلَكٍ قَرَّبَهُ شَفَعُوا فِي كُلِّ مُبْغِضٍ لَكِ غَاصِبٍ لَكِ مَا أَخْرَجَهُ اَللَّهُ مِنْ اَلنَّارِ أَبَدا.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ကျွန်ုပ်၏ ဘိုးတော် ရစူလွလ္လာဟ် (ဆွ) မိန့်တော်မူသည်။ အကြင်မည်သူမဆို ငါ၏ သမီးတော် ဖွာတွေမဟ် (စ.အ) အပေါ် ဇွန်လ်မ် (မတရားလုပ်ခြင်းစသည်ဖြင့်) ပြုလုပ်မည် သူမ ၏ ပိုင်ဆိုင်မှု ကို မတရားသိမ်းယူမည် (လုမည်) သူမအား သတ်ဖြတ်မည် ဆိုလျင် ထိုသူသည် မလ်အူန် ဖြစ်ပါသည်။ မလ်အူန် ဖြစ်ပါသည်။ ပြီးနောက် ဆက်၍ မိန့်တော် မူသည်။ အိုဖွာတွေမဟ် (စ.အ) !သတင်းကောင်း နားထောင်ပါလေ။ သမီးတော် ၏ နေရာအဆင့် အတန်း သည် အလ္လာဟ် ဟို အရှင်မြတ် ၏ အနီးအနား တွင် အလွန် နှစ်သက် စရာ နေရာ အဆင့် အတန်း ဖြစ်ပါသည်။ သမီးတော် အနေဖြင့် ထိုနေရာတွင် မိမိ ကို ချစ်မြတ်နိုးသူများ နှင့် ရှီအဟ် များ အတွက် ရှဖာအသ် (အသနားခံ ) ပြုပေးမည် ဖြစ်ပြီး (အလ္လာဟ်ဟို အရှင်မြတ်လည်း) လက်ခံတော် မူမည် ဖြစ်ပါသည်။ အိုဖွာတွေမဟ် (စ.အ) !အကယ်၍ အလ္လာဟ်ဟိုအရှင်မြတ် ရွေးချယ်တင်မြှောက်ထားသည့်ရှိသမျှ တမန်မြတ် များ (အ.စ) အားလုံး ၊ပြီးနောက် ထိုအရှင်မြတ် ထံတွင် ခံစားရန်တာဝန်ပေးခြင်းခံထားရသည့် ကောင်းကင် တမန်များ အားလုံး သင်ကိုရန်ပြုသူတိုင်းး သင်၏ ရပိုင်ခွင့်ကို မတရားသိမ်းယူ၊လုယူသွားသူ တိုင်း အတွက် ရှဖာအသ် (အသနားခံပေးမည်) ဆိုလျင်လည်း အလ္လာဟ်ဟို အရှင်မြတ်သည် ၎င်း (သင်၏ရန်သူ) အား ဂျဟန္နမ်၏ မီး (ခ)ငရဲဘုံ၏ မီး မှ လုံးဝ ထုတ်ပေးတော်မူမည်မဟုတ်ချေ။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၇၃ ၊ စာမျက်နှာ ၂၃
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် သခင်မကြီး ဖွာတွေမဟ်ဇဟ်ရာ (စ.အ) ၏ သမီးတော် ဖွာတွေမဟ် (စ.အ) အပေါ် ဇွန်လ်မ် (မတရားလုပ်ခြင်းစသည်ဖြင့်) ပြုသူများ၊ သခင်မကြီး (စ.အ) ၏ ပိုင်ဆိုင်မှု ကို မတရားသိမ်းသူများ ၊လုယူသူများ ၊ သခင်မကြီး (စ.အ) အား သတ်ဖြတ်သူများသည် မလ်အူန် ဖြစ်ပါတယ်။ ဤအတွက် ဤပုဂ္ဂိုလ်များ ကို လအ်နသ် ပို့နိုင်ပါတယ်။ သခင်မကြီး ဖွာတွေမဟ်ဇဟ်ရာ (စ.အ) ၏ ရန်သူ ၏ ပြစ်ဒဏ် သည် မည်မျှ ကြီးမားကြောင်း ထင်ရှားစွာ သိရှိ ရမည် ဖြစ်ပါတယ်။
****************************************************************
END / 251