အီရန် နိုင်ငံ ၏ အကျော်အမော် သာသနာ့ ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ကေရာအသ်သီ အနေဖြင့် တစ်နေ့တွင် မရှ်ဟဒ် မြို့ ရှိ အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော်ကြီး အတွင်း ပညာရှင်ကြီး သုံးဦး၏ အား မတူညီသော နေရာသုံးမျိုးတွင် အမှတ်တမဲ့ တွေ့ခဲ့ပါတယ်။

၁ ဒီဇင်ဘာ ၂၀၂၄ - ၁၀:၂၆
အဆုံးသတ်ကံကောင်းခြင်း(ခ) အီမာန် နှင့် တစ်ကွ အသက်ထွက်ခြင်း

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် နိုင်ငံ ၏ အကျော်အမော် သာသနာ့ ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  ကေရာအသ်သီ  အနေဖြင့် တစ်နေ့တွင် မရှ်ဟဒ် မြို့ ရှိ အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော်ကြီး အတွင်း ပညာရှင်ကြီး သုံးဦး၏ အား မတူညီသော နေရာသုံးမျိုးတွင် အမှတ်တမဲ့ တွေ့ခဲ့ပါတယ်။ ၎င်းအာလင်မ် ကြီး သုံးပါး မှာ

(၁) မရ်ဟွန်မ် အာယာသွလ္လာဟ် မီးရ်ဇာ ဂျဝါဒ် တီဟီရန်နီ

(၂) မရ်ဟွန်မ် အာယာသွလ္လာဟ် မရ်ဝါရီးဒ်

(၃) မရ်ဟွန်မ် အာယာသွလ္လာဟ်  မီးရ်ဇာ အလီ အာဂါယီ ဖလ်စဖီ တို့ ဖြစ်ကြပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  ကေရာအသ်သီ  အနေဖြင့် ထို အာလင်မ်ကြီး သုံးပါးအား ၎င်းတို့ကို အသိ မပေးဘဲ မေးခွန်း တစ်ခု တည်း ကို မေးခဲ့ပါတယ်။

 မေးခွန်းကတော့ အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် ဒိုအာ တစ်ခု တည်းကိုသာ လက်ခံတော်မူမည် ဆိုလျင် လူကြီးမင်း အနေဖြင့် မည်သည့် ဒိုအာ အားတောင်းဆိုပါမည် နည်း ?  ဖြစ်ပါတယ်။

အာလင်မ်ကြီး သုံးပါး စလုံး ၏ အဖြေ မှာ တစ်ခု တည်း ဖြစ်နေပါတယ်။ အဖြေကတော့ အဆုံးသတ် ကံကောင်းခြင်း(ခ) အီမာန် နှင့် တစ်ကွ အသက်ထွက်ခြင်း ဖြစ်ပါတယ်။

တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူထားသည်။

قَالَ رَسُولُ اَللَّهِ صَلَّى اَللَّهُ عَلَيْهِ وَ آلِهِ : لاَ يَزَالُ اَلْمُؤْمِنُ خَائِفاً مِنْ سُوءِ اَلْعَاقِبَةِ لاَ يَتَيَقَّنُ اَلْوُصُولَ إِلَى رِضْوَانِ اَللَّهِ حَتَّى يَكُونَ وَقْتُ نَزْعِ رُوحِهِ وَ ظُهُورِ مَلَكِ اَلْمَوْتِ لَهُ .

အဓိပ္ပာယ် - မိုအ်မင် သည် မကောင်းသောအဆုံးသတ် ခြင်း(ခ) အီမာန်မပါဘဲ အသက်ထွက်ခြင်း ကို  အမြဲ ကြောက် ရွံ့ပါ သည်။ ပြီးနောက် မည်မျှ အထိ ကြောက်ရွံ့သည်ဆိုလျင် အသက်နုတ်ရန် သေမင်း ၎င်း၏ ဘေးသို့ ရောက်လာပြီး အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေနပ်နှစ်မြို့မှုကို ရသည်ဟု မယုံကြည်ရမခြင်း အထိ ဖြစ်ပါ သည်။

ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၆၈ ၊ စာမျက်နှာ ၃၆၆

ကျနော်တို့ အားလုံး အနေဖြင့် လည်း မိမိတို့ ၏  အဆုံးသတ်ကံကောင်းခြင်း(ခ) အီမာန် နှင့် တစ်ကွ အသက်ထွက် ခြင်း အတွက် သောက ထား မည်ဆိုလျင် မတရားမှုများ ဂိုနာဟ်များ ကို လုပ်ရန် ဝမ်းလေးသွားကြမည် ဖြစ်ပါ တယ်။ အိုအလ္လာဟ် ဟို အရှင်မြတ်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အချစ်ထားသည့် မွတ်စလင်မ် ယောက်တိုင်း အား အဆုံးသတ်ကံကောင်းခြင်း(ခ) အီမာန် နှင့် တစ်ကွ အသက်ထွက် ခြင်း ကို ပေးသနားတော် မူပါ ။ အာမီးန်

.......................................................

END / 251