အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကန်ဇိုလ်အမါလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
اِنَّ لَكُمْ فِى كُلِّ جُمُعَةٍ حَجَّةٌ وَ عُمْرَةٌ فَالْحَجَّةُ اَلْهَجيرَةُ لِلْجُمُعَةِ وَ الْعُمْرَةُ اِنْتِظارُ الْعَصْرِ بَعْدَ الْجُمُعَةِ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« သောကြာနေ့ တိုင်း သင်တို့ အတွက် ဟဂျ် တစ်ခု နှင့် အွမ်ရဟ် တစ်ခု၏ ဆဝါးဗ် ရှိပါသည်။ သင်တို့၏ ဟဂျ် (ဆဝါးဗ်) မှာ သောကြာ နမာဇ် ဝတ်ပြုရန် အပြေးအလွှား သွားခြင်း (စောလျင်စွာသွားခြင်း) ဖြစ်ပါသည်။ အသင်တို့ ၏ အွမ်ရဟ် မှာ သောကြာ နမာဇ် ပြီးနောက် အဆ်ရ် နမာဇ် ဝတ်ပြုရန် စောင့်စားခြင်း ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ကန်ဇိုလ်အမါလ် ကျမ်း ၊ အတွဲ ၇ ၊ စာမျက်နှာ ၇၃၇ ၊ ဟဒီးစ်တော် အမှတ် ၂၁၁၇၃
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် သောကြာနေ့တွင် ဟဂျ် တစ်ခု နှင့် အွမ်ရဟ် တစ်ခု ၏ ဆဝါးဗ် ကို လွယ်ကူစွာ ရရှိမှာ ဖြစ်ပါတယ်။ သောကြာနေ့ သောကြာနမာဇ် ဝတ်ပြုရန် စောစောသွားခြင်း ဖြင့် ဟဂျ် တစ်ခု ၏ ဆဝါးဗ် ကို ရရှိမှာ ဖြစ်ပြီး သောကြာနမာဇ် ပြီး ဂျမာအသ် နှင့် အတူ အဆ်ရ် နမာဇ် ဝတ်ပြုရန် စောင့်စားခြင်း ဖြင့် အွမ်ရဟ် တစ်ခု ၏ ဆဝါးဗ် ကို ရရှိမှာ ဖြစ်ပါတယ်။ ရှီအဟ် မွတ်စလင်မ်များ သည် သောကြာနမာဇ် ဝတ်ပြုပြီး အဆ်ရ်နမာဇ် ကို ဆက်၍ ဝတ်ပြုသည့် အတွက် အထူးစောင့်စားရန် ပင်မလို အပ်ပေ။သောကြာနမာဇ် ဝတ်ပြုခြင်း သည် ရှီအဟ် မရ်ဂျအ်များ အမြင်တွင် ဝါဂျစ်ဗ်ဘေသခ်ရီးရ် ဖြစ်ပါတယ်။ ဆိုလိုသည်မှာ သောကြာ နမာဇ် နှင့် ဇဟိုရ် နမာဇ် မှ မိမိ နှစ်သက် သည့် နမာဇ် တစ်ခု ကို ဝတ်ပြုခြင်း ဖြစ်ပါတယ်။ သို့သော် သောကြာနမာဇ် အစီအစဥ် ရှိလျင် သောကြာ နမာဇ် ကို ဦးစားပေး ဝတ်ပြုရန် တိုက်တွန်းထားပါတယ်။
****************************************************************
END / 251