ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ ခင်ပွန်း သို့မဟုတ် ဖခင်ထံမှ ခွင့်ပြုချက်မရှိဘဲ ပိုက်ဆံယူခြင်း ကိစ္စ နှင့်ပတ်သက် သည့် ရရှီအီ ဥပဒေ ကိစ္စနှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

၂၄ နိုဝင်ဘာ ၂၀၂၄ - ၁၈:၁၅
   ခင်ပွန်း သို့မဟုတ် ဖခင်ထံမှ ခွင့်ပြုချက်မရှိဘဲ ပိုက်ဆံယူခြင်း

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency  ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  မှ ခင်ပွန်း သို့မဟုတ် ဖခင်ထံမှ ခွင့်ပြုချက်မရှိဘဲ ပိုက်ဆံယူခြင်း ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။

မေးခွန်း

ခင်ပွန်း သို့မဟုတ် ဖခင်ထံမှ ခွင့်မပြုချက် မယူဘဲ ၎င်းတို့၏ (အဝတ်ဖြစ်စေ ၊ဘောင်ဘီဖြစ်စေ ၏) အိတ်ကပ် မှ သို့မဟုတ် တခြားတနေရာရာ မှ အိမ်အသုံးစရိတ် သို့မဟုတ် ကိုယ်ရေးကိုယ်တာကုန်ကျစရိတ်များအတွက် ပိုက်ဆံ ယူခြင်း နှင့်ပတ်သက် ၍ ရှရီအီ အမိန့် မည်သို့ လာရှိပါသနည်း?

အဖြေ

အကယ်၍ သူ (အဖေသို့မဟုတ်ခင်ပွန်း ) ကျေနပ် နှစ်မြို့မှု မရှိလျင်တော့ ယူခွင့်မရှိချေ။


မှတ်ချက်  ။ ။ ဇနီးသည် တိုင်း မိမိခင်ပွန်းသည် ၊ သမီးတိုင်းမိမိ ဖခင် တို့သည် ၎င်းတို့၏ ခွင့်ပြုချက် မရှိဘဲ ၎င်းတို့ငွေအား ယူသုံးလျင် သဘောတူ နှစ်မြို့မှု ရှိမရှိဆိုတာ ယေဘုယျ အားဖြင့် သိကြပါတယ်။ ပို၍ ကောင်းသည်မှာ မိုအ်မေနာ တစ်ဦး အနေဖြင့် မိမိခင်ပွန်းသည်  သို့မဟုတ် ဖခင် ၏ ငွေအား နည်းသည် ဖြစ်စေ များသည် ဖြစ်စေ ခွင့်တောင်းပြီး အသုံးပြုလျင် အကောင်းဆုံးဖြစ်ပါတယ်။ ခင်ပွန်းသည် နှင့် ဖခင်များ အနေဖြင့်လည်း မိမိ ဇနီးသည် ၊ မိမိသမီး ခွင့်ပြုချက် မတောင်းဘဲ သုံးရသည့် အထိ မဖြစ်အောင် ကြိုတင်ပြီး ခွင့်ပြုပေးထားခြင်း သို့မဟုတ် ကြိုတင် ပေးထားခြင်းများကို ပြုလုပ်သင့်ပါတယ်။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251