အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မအာနီယိုလ်အက်ခ်ဗါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
أشجَعُ النّاسِ مَن غَلَبَ هَواه ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« မနုဿ လူသား တို့တွင် အရဲရင့်ဆုံး ၊သတ္တိ အရှိဆုံး သူ မှာ မိမိ (မကောင်းသည့် စိတ်) ဆန္ဒကို ချုပ်ကိုင်ထား နိုင်သူဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ မအာနီယိုလ်အက်ခ်ဗါရ် ကျမ်း ၊ ၁/၁၉၅
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် အမှန်တကယ် သတ္တိရှိသူ ကို ထင်ရှားစွာ တွေ့ နိုင်မှာ ဖြစ်ပါတယ်။ လက်နက်ကိုင်၊ ဓားကိုင်၊ငွေကိုင်၊လူတွေ ကို ကိုင်ထားနိုင် သူကို တကဲ့သတ္တိရှိသူ ရဲရင့်သူ ဟု မခေါ်ဘဲ မိမိ ၏ မကောင်းသည့် စိတ် ၊ မနာလိုသည့် စိတ် ၊ ကောက်ကျစ်လိုသည့်စိတ် ၊ အပုပ်ချလိုသည့် စိတ် ၊ နေရာမက်သည့် စိတ် စသသည် စိတ် ပုပ် စိတ်ယုတ်များကို ချုပ်ကိုင်ထားနိုင် သူသာ အမှန်တကယ် သတ္တိရှိသူ အမှန်တကယ် ရဲရင့်သူ ဖြစ်ကြောင်း ဟဒီးစ်တော် မှ မီးမောင်းထိုးပြနေပါတယ်။ ကျနော်တို့ အနေဖြင့် ကိုယ်တိုင်လည်း အမှန်တကယ် သတ္တိရှိသူ ရဲရင့်သူ ဖြစ်အောင် ကြိုးစားရမည် ဖြစ်ပြီး အမှန်တကယ် သတ္တိရှိသူ ရဲရင့်သူများကိုလည်း လေးစားရိုသေ ရမည် ဖြစ်ပါတယ်။
****************************************************************
END / 251