အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇေယာရသ် ဆိုသည်မှာ တမန်တော်များ ၊ အေမာမ်များ ၊ အေမာမ် ဇါဒေဟ် များ နှင့် မိုအ်မင် များ၏ ကဗဲရ် များသို့ သွားရောက် ခြင်းဖြစ်ပါသည်။ ဇေယာရသ် ပြုခြင်းသည် အစ္စလာမ်ဘာသာ၏ လက်ခံ နိုင်သော လုပ်ရပ်များထဲမှ တစ်ခုဖြစ်ပြီး သမိုင်းတစ်လျှောက် မွတ်စလင်မ် များက ပြုလုပ် စောင့်ရှောက် ခဲ့ ကြပါ တယ်။
ဤလုပ်ရပ်သည် ရှီအဟ် များကြားတွင် အထူးနေရာတစ်ခုရှိပါတယ်။ ထို့ကြောင့် ရှီအဟ် မွတ်စလင်မ် ၏ သင်္ကေတများထဲမှ တစ်ခုဟု ယူဆကြပါတယ်။ နှစ်စဉ်နှစ်တိုင်း၊ ရှီအဟ်မွတ်စလင်မ် အများအပြားသည် ကမ္ဘာ့အရပ်ရပ်မှ အေမာမ် (အ.စ) ၏ ကဗရ်(တွင်း) များ (သင်္ချိုင်းများ) နှင့် အေမာမ်များ ၏ သားမြေးအချို့ထံ သွားရောက်ကြ ပါတယ်။ ပမာအားဖြင့် ဟဇရသ် အဘာစ် (အ.စ) ၏ ရောင်ဇာတော် ၏စာရင်းအင်းစင်တာ၏အဆိုအရ ခရစ် သက္ကရာဇ် ၂၀၂၃ ခုနှစ် တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် ၏ အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် ခရီးစဥ် တွင် အရ်ဗအီးန် ဇေယာရသ် ပြုသူ အရေအတွက်သည် ၂၂သန်းကျော်ရှိ သည်ဟု ခန့်မှန်း ထားပါတယ်။
ဇေယာရသ် သေ အေမာမ်ဟိုစိုင်းန် (အ.စ) ရောင်ဇာတော် နှင့်ပတ်သက် ၍ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) မိန့်တော်မူသည် ဟဒီးစ်တော် တစ်ပါးကို တင်ပြပါမယ်။
အေမာမ်ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) မိန့်တော် မူသည်။
« အေမာမ်ဟိုစိုင်းန် (အ.စ) ၏ဇေယာရသ် ပြုမှုကို လက်မလွတ်ပါနှင့်။ မိမိ၏ မိတ်ဆွေများကိုလည်း (အေမာမ် ဟိုစိုင်းန် (အစ) ၏ဇေယာရသ် ) ပြုဖို့ တိုက်တွန်း ပါလေ။ အကြောင်းမှာ အလ္လာဟ် ဟို အရှင်မြတ် သည် သင်၏ အသက် တာရှည်စေကာ သင်၏စားနပ်ရိက္ခာကို တိုးပွားစေပြီး သင့်၏ဘဝကို ပျော်ရွှင်စေကာ သင့်နာမည်ကို ကံကောင်း သူများကြားတွင် မှတ်တမ်းတင်ထားမည် ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါသည်။ »
ရည်ညွှန်း -အကျော်အမော် အာလင်မ်ကြီး တစ်ပါးဖြစ်သည့် ဂျအ်ဖရ် ဘင်န် မိုဟမ္မဒ် (ခ) အစ်ဗ်နေ ဂောာ်လဝီယေ ကွမ်းမီ (ကွယ်လွန် ဟီဂျရီ ၃၆၇ခုနှစ်) ရေးသားထားသည့် ကာမေလ်လွတ်ဇ်ဇေယာရာသ် ကျမ်း ၊ စာမျက်နှာ ၁၅၂
အေမာမ် ဟိုစိုင်းန် (အ.စ) ကို အချစ်ထားသူတိုင်း နှစ်စဥ် နှစ်တိုင်း အေမာမ်(အ.စ) ၏ ဇေယာရသ် အား ကိုယ်တိုင် မိသားစုများ မိတ်ဆွေ များ နှင့်အတူ ပြုနိုင်ကြပါစေ။
.......................................................
END / 251