မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ခွင့်လွှတ်ခြင်း၏ ရလဒ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၂၂ နိုဝင်ဘာ ၂၀၂၄ - ၁၈:၅၅
   ခွင့်လွှတ်ခြင်း၏ ရလဒ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

عَلَيكُم بِالعَفوِ؛ فَإنَ العَفوَ لا يَزيدُ العَبدَ إلاّ عِزّا، فَتَعافَوا يُعِزَّكُمُ اللّهُ ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« ခွင့်လွှတ်ပါ။ အကြောင်းမှာ မနုဿ လူသား ၏ ဂုဏ်သိက္ခာ ကို တိုးစေသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ထိုကြောင့် တစ်ဦး နှင့် တစ်ဦး ၏ ချို့ယွင်းချက်များ ကို ခွင့်လွှတ်ပါ။ ဤသို့ဖြင့် အလ္လာဟ် ဟို အရှင်မြတ် သည် အသင် တို့၏ ဂုဏ် သိက္ခာ ကို တိုးပွားစေမည်  ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ ကာဖီ ကျမ်း ၊ အတွဲ ၂  ၊ စာမျက်နှာ ၁၀၈ ၊ ဟဒီးစ်တော် အမှတ် ၅

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် ထင်ရှားစွာ သိရှိရမည့် အချက် မှာ အလ္လာဟ် ဟို အရှင်မြတ် ၏ အမြင် တွင် စစ်မှန် ဂုဏ်သိက္ခာ ဆိုသည်မှာ    မိုအ်မင် အချင်းချင်း ခွင့်လွတ်ပေးခြင်း ဖြစ်ပါတယ်။ ဤ အတွက်ကြောင့် ကိုယ်တော်မြတ် (ဆွ) ၏ ဟဒီးစ်တော် အရ  မိုအ်မင် အချင်းချင်း ပြဿနာလုပ် ၊ သိက္ခာ ချ ၊ နာမည် ဖျက် ယုတ်စွ အဆုံး ရုံးရောက် ဂတ်ရောက် လုပ်မည် မဟုတ်ဘဲ ခွင့်လွတ် သည်းခံပေးကြမည် ဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်မှာ  ယနေ့ ကျနော်တို့ အနေဖြင့် အခြားမိုအ်မင် ၏ အမှား ၊ ချို့ယွင်းချက် ကို ခွင့်လွတ်ပေးမည် ဆိုလျင် မနက်ဖန် ကျနော် တို့ ၏ အမှား ၊ ချို့ယွင်းချက် ကိုလည်း အလ္လာဟ် ဟို အရှင်မြတ်  ခွင့်လွှတ် ပေးသနားတော် မူမည် ဖြစ်ပါတယ်။

****************************************************************

END / 251