မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ပြစား သူ ၏ လက္ခဏာလေးပါး ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၁၇ နိုဝင်ဘာ ၂၀၂၄ - ၂၀:၂၁
ပြစား သူ ၏ လက္ခဏာလေးပါး

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

 

أمّا علامةُ المُرائِي فَأربَعةٌ:

 

۱. يَحرِصُ في العَمَلِ للّه إذا كانَ عِندَهُ أحَدٌ

 

۲. و يَكسَلُ إذا كانَ وَحدَهُ،

 

۳. و يَحرِصُ في كُلِّ أمرِهِ على المَحمَدَةِ،

 

۴. و يُحسِنُ سَمْتَهُ بِجُهدِهِ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« ပြစားသူ၏ လက္ခဏာ လေးပါးရှိပါသည်။

၁။  တစ်စုံတစ်ယောက် မိမိ အနီးအနား တွင် ရှိသောအခါ အလ္လာဟ် အမိန့်  နာခံလိုစိတ်ပြင်းပြပါသည်။

၂။ တစ်ယောက်တည်း ရှိသည့် အချိန်တွင် (အလ္လာဟ် အမိန့် နာခံ မှုတွင်) ပျင်းရိပါသည်။

၃။ အလုပ်တိုင်းတွင် ချီးမွမ်းခြင်း နှင့် ချီးမြှောက်ခြင်း ခံစားချက် ရှိပါသည်။ (အလုပ်တိုင်းအတွက် ချီးမွမ်းခံ လို သည်။)

၄။ မိမိအပြင်ပိုင်း ကို အကောင်းပြနိုင်အောင်(လူကောင်းဖြစ်ကြောင်းပြနိုင်အောင်) ကြိုးစားပါသည်။ »

ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊ ၂၂

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် မိမိကိုယ်တိုင် နှင့် မိမိ ပတ်ဝန်းကျင် ရှိသူများ ကို ပြစားသူ ဟုတ်မဟုတ် စီစစ် နိုင်ပါတယ်။ ပြီးနောက် ဟဒီးစ်တော် လာ လက္ခဏာများ မိမိ တွင် သို့မဟုတ် မိမိ အိမ်သူ၊အိမ်သား၊ ဆွေမျိုးသားချင်း ၊ မိုအ်မင်များမိုအ်မေနသ်များတွင် တွေ့ရလျင် အမြန်ဆုံး ပြုပြင် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ပမာအားဖြင့် မဂျ်လစ် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုသည့် နီယသ် အလ္လာဟ် နှစ်မြို့ မှု ရရန် ဆိုသည့် နီယသ်  နှင့် သာ သွားနိုင်အောင် ကြိုးစားရပါမည်။ ဘယ်သူဘယ်ဝါလုပ် သည့် မဂျ်လစ်မလို့ ၊ ထမင်း ကျွေးသည့် မဂျ်လစ် မလို့ စသည် ဖြင့် မဖြစ်ရ အောင် ထိန်းသိမ်း ရမည်။ မဂျ်လစ် ဘာနီ ရှင်ကလည်း မဂျ်လစ် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဖြစ်လို့ အလ္လာဟ် နှစ်မြို့ ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အတည်ပြု ထောက်ခံပေးမှု ရရန် ဆိုသည့် နီယသ် နှင့် မဂျ်လစ်လာသူများ ကို မိမိ၏ အား နှင့် အညီ အကောင်းတကာ အကောင်းဆုံး အစားအစာ များ ကျွေးနိုင်အောင် ၊တရားဟောဆရာများ နောင်ဟာဖတ်ပေး သူများ လုပ်ကူသူများကို မိမိအား နှင့် အညီ အကောင်းတကာအကောင်းဆုံး လက်ဆောင် (ငွေစသည် ) ပေးနိုင်အောင် ကြိုးစားရပါမည်။ လူများများလာအောင် ထမင်းကျွေးမည် ၊ ဟိုဆရာကို ဟောခိုင်းမည် စသည် ဖြင့်  ဆိုသည် နီယသ် မဖြစ် ဖို့ ကြိုးစားရမည် ဖြစ်  ပါတယ်။

****************************************************************

END / 251