အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
إِنَّمَا سُمِّيَتْ فَاطِمَةُ فَاطِمَةَ لِأَنَّ اَللَّهَ تَعَالَى فَطَمَ مَنْ أَحَبِّهَا مِنَ النا۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« ဖွာတွေမဟ် (စ.အ)ဆိုသည့် အမည် အား ဖွာတွေမဟ် (စ.အ) ဟု ထားရသည့် အကြောင်း သည်ကား အလ္လာဟ် ဟို အရှင်မြတ် သည် ဟဇရသ် ဖွာတွေမဟ် (စ.အ) အား ချစ်မြတ်နိုးသူများကို (ဂျဟန္နမ်) မီး မှ လွတ်မြောက် ပေးတော် မူလိုက်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၄၃ ၊ စာမျက်နှာ ၁၃
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မိမိ ကိုယ် မိမိအား ဂျဟန္နမ် ငရဲမီး မှ လွတ်မြောက် လိုလျင် သခင်မကြီး (စအ) ကို အချစ်ထားရန် သခင်မကြီး (စ.အ) ကျေနပ်အောင် ဘဝ တည်ဆောက် ရန် အထူး လိုအပ်ပါသည်။ ပမာအားဖြင့် သခင်မကြီး (စ.အ) ကို အချစ်ထားသည်လည်းဆိုပြီး ဟေဂျာဗ် မဝတ်မည် ၊ ဟေဂျာဗ် မဝတ်ခြင်းကို အားပေးမည်။ သူတစ်ပါး ပိုင် မြေ၊ ပစ္စည်း ဥစ္စာ စသည် ကို မတရားနည်းဖြင့် သို့မဟုတ် အနိုင်ကျင့်၍ ယူမည် ၊ နမာဇ် ၊ ရိုဇဟ် မမြဲမည် ၊ ခွမ်းစ် ထိုက်လျက် ခွမ်းစ်မထုတ်မည်။ဇကားသ် ထိုက်လျက် ဇကားသ် မထုတ်မည် ၊ ဟဂျ် ထိုက်လျက် ဟဂျ်မလုပ်မည် စသည်ဖြင့် တရားတော် က ပြထားသည့် အချက်များကို ဆန့်ကျင်မည် ဆိုလျင် သခင်မကြီး (စ.အ) အား လက်တွေ့ကျကျ ချစ်သည် မမည်တော့ချေ။ ကျနော်တို့ အား သခင်မကြီး (စ.အ) ကို အမှန်တကယ် ချစ်မြတ် နိုးနိုင်ရန် အထူးဒိုအာ ပြုရမည် ဖြစ်ပါသလို ကြိုးစားရမည် ဖြစ်ပါတယ်။
****************************************************************
END / 251