ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الجواد علیه السلام:
لَوْ سَكَتَ الْجاهِلُ مَا اخْتَلَفَ النّاسُ .
အေမာမ် ဂျဝါဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဂျဟေလ် သည် (မိမိ၏ အဝိဇ္ဇာ) ကို ရပ်တန့်လျှင် လူတို့၏ ကွဲပြားမှု မစည်းလုံးမှု အားလုံးကို ပယ်ရှား နိုင်ပေလိမ့် မည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၈၁
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ထင်ရှားစွာ သိမြင်ရမည့် အချက်မှာ ကျနော်တို့ ပတ်ဝန်းကျင်တွင် မစည်းလုံမှုများ မညီညွတ်မှုများသည် ဂျာဟေလ်များကြောင့် ဖြစ်ကြောင်း ဖြစ်ပါတယ်။ ပို၍ဆိုးသည် မှာ ဂျာဟေလ် လေမိုရကတ်ဗ် များကြောင့် ပို၍ ဆိုးပေ သည်။ ဂျာဟေလ် လေမိုရကတ်ဗ် ဆိုသည် မှာ မိမိ မသိမတတ်တာကို မသိသူများကို ခေါ်ဆိုပါသည်။ ယခုခေတ်မှာ အချို့က ဂျာဟေလ်များကို ပညာတတ်များ ဟု ထင်နေ ယုံနေခြင်း အချင်ပင် ဖြစ်ပါတယ်။ အို -အလ္လာဟ်ဟို အရှင်မြတ် ကျနော်မျိုးတို့အားလုံးကို ဂျာဟေလ် မဖြစ်အောင် ကျနော်တို့ အသိုင်းအဝိုင်းတွင်လည်း ဂျာဟေလ်များ မလွမ်းမိုး နိုင်အောင် စွမ်းအားပေး ၊ ထိန်းသိမ်း စောင့်ရှောက်တော်မူပါ။
****************************************************************
END / 251