အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency ၏ စီရင်ခံစာ အရ ဂျမာဒီယိုလ်အောင်ဝဲလ် လ၏ ၅ရက်နေ့ သည် ဟဇရသ် ဇိုင်နဗ် (စ.အ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာ ဖြစ်ပါတယ်။
သခင်မကြီး ဇိုင်နဗ် (စ.အ) သည် အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) နှင့် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) တို့၏ သမီးတော် ဖြစ်ပြီး ဟဇရသ် မိုဟမ္မဒ် မွစ်သဖွာ (ဆွ) ၏ မြေးတော် ဖြစ်ပါတယ်။
သခင်မကြီး မွေးနေ့တွင် အီရန်နိုင်ငံတစ်ဝှမ်းတွင် ဧည့်ခံ ပွဲများနှင့် အထိမ်းအမှတ်ပွဲများ ဆက်တိုက် ကျင်းပ လျက်ရှိပါတယ်။ လူများ အနေဖြင့်လည်း ရွာများနှင့် မြို့အသီးသီးမှာ အီးဒ်နေ့ အဖြစ် ကျင်းပကြပါတယ်။
ဗလီဝတ်ကျောင်းတော်များအေမာမ်ဘာရာများ တွင် နမာဇ် ဝတ်ပြုပြီးနောက် ဟဇရသ် ဇိုင်နဗ် (စ.အ) ၏ ကြီးကျယ် မြင့်မြတ်မှု ဆိုင်ရာ ကစီဒဟ် ဖတ်ရွတ် ခဲ့ကြပါတယ်။တရားဟော ဆရာများ မှလည်း သခင်မကြီး ဇိုင်နဗ် (စ.အ) ၏ အတ္ထုပ္ပတ္တိ ကို ဟောကြားပါတယ်။
သခင်မကြီး ဇိုင်နဗ် (စ.အ) ၏ မွေးနေ့ကို အီရန်နိုင်ငံရှိ သူနာပြုများနေ့ အဖြစ်လည်း ကျင်းပကြပြီး သူနာပြုများအား ၎င်းတို့၏ဝန်ဆောင်မှုများအတွက် ဂုဏ်ပြု ကြပါတယ်။
သခင်မကြီး ဇိုင်နဗ် (စ.အ) သည် ကရ်ဗလာ တွင် အာရှူရာ ပြီးနောက် စတုတ္ထမြောက် အေမာမ် ၊ အေမာမ် ဇိုင်နိုလ်အာဗေဒီးန် (အ.စ) ကို ရဲရင့်စွာ ခုခံကာကွယ်ခဲ့သည့် သခင်မကြီး ဖြစ်ပါတယ်။
သခင်မကြီး မိမိအစ်ကို အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် သားတော် နှစ်ပါး ရှဟီးဒ် ဖြစ်သည်ကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသူ ဖြစ်ပါတယ်။သခင်မကြီး (စ.အ) သည် ရှိုဟာဒါအေ ကရ်ဗလာ ၏ သတင်း စကားများကို ကမ္ဘာ ကို ပေးပို့ခဲ့ပါတယ်။
ကူဖာ နှင့် ရှမ်း ၏ နန်းတော် များတွင် မိမိခွသ်ဗဟ်တော် များဖြင့် ကရ်ဗလာ ၏ သတင်း စကားများကို ဘနီ အိုမိုင်ယဟ် ၏ ဖျက်စီး ခြင်း ပုံပျက်ပန်းပျက်ပြုလုပ်ခြင်း မှ ကာကွယ် ခဲ့သူ ဖြစ်ပါတယ်။ အစ်ဗ်နေ ဇေယာဒ် (လ.န) နှင့် ယဇီးဒ် (လ.န) နန်းတော် တွင် မိန့်ကြားခဲ့သည့် ခွသ်ဗဟ် သည် သမိုင်းစာမျက်နှာ တွင် ကျန်ရစ်နေပြီး ကျော်ကြားသည့် ခွသ်ဗဟ် ဖြစ်ပါတယ်။
သခင်မကြီး ဇိုင်နဗ် (စ.အ) ၏ ခွသ်ဗဟ် တော်များကို လေ့လာခြင်းဖြင့် အစ္စလမ်ဘာသာတွင် အမျိုးသမီးများ၏ စွမ်းအားနှင့် ၎င်းတို့ရရှိထားသော လွတ်လပ်မှုကို နားလည်နိုင်မည် ဖြစ်ပါတယ်။
သခင်မကြီး ၏ ဖခမည်းတော် နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ မြို့ ၊ ကူဖာမြို့ ကို သုံ့ပန်း အဖြစ် နှင့် ပြန်လည် ရောက်ရှိခဲ့ရပါတယ်။ ကူဖာမြို့ ဟာ သခင်မကြီး (စ.အ) ၏ ဖခမည်းတော် အုပ်ချုပ် ခဲ့သည့် ဗဟိုမြို့ ဖြစ်ခဲ့ပါတယ်။
ဘနီအိုမိုင်းယဟ် နှင့် အစ်ဗ်နေ ဇေယာဒ် (လ.န) တို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူများ ကြောက်ရွံ့ခဲ့ ကြပါတယ်။
မိုဟမ္မဒ် (ဆွ) အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ရန်သူများ က ၎င်းတို့၏ မဇ်လူမီယသ် ကို ကြည့်ပြီး ဝမ်းမြောက် ခဲ့ကြပါတယ်။ သို့သော် သခင်မကြီး (စ.အ) ကတော့ မည်သည့် ကြောက် ရွံ့မှုမျိုးကိုမဆို အရှုံးမပေးဘဲ အခြေ အနေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။
ရန်သူများကို ရင်ဆိုင်ရာတွင် သခင်မကြီး (စ.အ) ၏ တည်ကြည်မှု နှင့် ရဲစွမ်းသတ္တိသည် စံနမူနာပြဖြစ် လာပါ တယ်။
သခင်မကြီး (စ.အ) သည် ယဇီးဒ် (လ.န) ၏ နန်းတော် တွင် ခွသ်ဗဟ် မိန့်ကြားတော်မူပြီး ၏ ဘနီအိုမိုင်းယဟ် ၏ မကောင်းသော စရိုက်လက္ခဏာကို ဖော်ထုတ်ကာ တမန်တော်မြတ် (ဆွ) ၏ မိသားစုမှ လေ့ကျင့် သင်ကြား ထားသော သမီးတော် တစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။
ရှမ်း (ခ) ဆီးရီးယားရှိ အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် သခင်မကြီးသည် မိမိ၏ တူတော် အေမာမ် ဇိုင်နိုလ် အာဗေဒီးန် (အ.စ) မှ တဆင့် ယဇီးဒ် (လ.န) ထံ အိမ်တစ်လုံး ကို ရှင်းခိုင်းပြီး မိမိအစ် ကို အေမာမ် ဟိုစိုင်းန် (အ.စ) အတါဥ် မဂျ်လစ်ပြုလုပ် မာသမ် ပြုခဲ့ပါတယ်။ ဤသို့ ဖြင့် ရှမ်း (ခ) ဆီးရီးယား တွင် ခုနစ်ရက် တိုင် အဌါဒါရီ ပြုလုပ်ခဲ့ပါတယ်။
ဆီးရီးယားမှပြန်လာပြီးနောက် မိမိ အသက်ရှင်နေသမျှကာလပတ်လုံး ကရ်ဗလာ ၏ သတင်းစကားများ ကို ပေးပို့ရန်ကြိုးပမ်းခဲ့ပြီး မိမိ အစ်ကို အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ကုရ်ဘာနီ အား အချည်းနှီးမဖြစ် အောင် ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။
သခင်မကြီး ဇိုင်နဗ် (စ.အ) အပေါ်သို့ သရူးဒ် နှင့် စလာမ် ကြိမ်ဖန် များစွာ ကျရောက်ပါစေ။ သခင်မကြီး၏ ရန်သူများ အပေ့ါ်သို့ လအ်နသ် ကြိမ်ဖန်များစွာ ကျရောက်ပါစေ ။
.......................................................
END / 251