အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ထားမြစ်ထားသည့် ခရီးစဥ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၃ နိုဝင်ဘာ ၂၀၂၄ - ၁၆:၀၉
ထားမြစ်ထားသည့် ခရီးစဥ်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း  မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

لایَخرُجُ الرَّجُلُ فی سَفرٍ یَخافُ مِنهُ علی دِینِهِ و صَلاتِهِ.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«မနုဿ လူသား သည် မိမိ သာသနာ နှင့် နမာဇ်အတွက် အန္တရာယ်ဟု ခံစားရသော ခရီးကို မသွားရချေ။ (ဆိုလိုသည်မှာ ဤခရီးကို သွားလျှင် မိမိ၏ သာသနာ သို့မဟုတ် နမာဇ် ကို လက်လွတ် လိုက်ရမည်ဟု ဆိုလျင် ထိုခရီးကို မသွားရမည် ဖြစ်ပါသည်။ )။ »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း ၊ အတွဲ ၈ ၊ စာမျက်နှာ ၂၄၉

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ဒီးန် (သာသနာ )  နှင့် နမာဇ် သည် မည်မျှ အရေးကြီးကြောင်း သုံးသပ်နိုင်မည် ဖြစ်ပါတယ်။ ထိုပြင် ခရီးသွားနေလျင်လည်း နမာဇ် အချိန်ရောက်လာလျင် နမာဇ် ကို ဝတ်ပြုနိုင်အောင် ကြိုးစားရမည်။ မြန်မာနိုင်ငံ တွင် လိုင်း ကားများ နှင့် ခရီးသွားနေစဥ် နမာဇ် ဝတ်ပြုရန် နေရာစသည်ဖြင့် အခက်အခဲ ရှိသည့် အတွက် မည်သို့ နမာဇ် ဝတ်ပြုရမည်ကို အဲဟ်ကာမ်ကျွမ်းကျင်သည့် အာလင်မ်များထံ ကြိုတင် မေးမြန်းထားသင့်ပါတယ်။ ပြီးနောက် ဇေယာရသ် ခရီးထွက် သူများ အခြားမြို့များသို့ ဘာသာရေးခရီးစဥ် အဖြစ် သွားရောက်သူများသည်လည်း အကြောင်းမဲ့ နမာဇ် မလွတ်သွားအောင် အထူးကြိုးစားသတိပြုရပေမည်။ ပမာအားဖြင့် ဇေယာရသ် ခရီး၊သာသနာ့ခရီးလာပြီး ဖဂျရ် နမာဇ်ဝတ်မပြုဘဲ အိပ်နေခြင်း စသည်တို့ ဖြစ်ပါတယ်။

****************************************************************

END / 251