အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပစ်ခတ်မှုဖြစ်ပွားချိန်တွင် မြူးနစ်မြို့ရှိ ကျွန်ုပ်တို့၏ကောင်စစ်ဝန်ရုံးကို ပိတ်ထားခဲ့ရပြီး ဝန်ထမ်းတစ်ဦးမှ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် အေပီသတင်းဌာနက ဂျာမန်ရဲတပ်ဖွဲ့ကို ကိုးကား၍ ရဲတပ်ဖွဲ့က ကောင်စစ်ဝန်ရုံးအနီးတွင် သံသယရှိသူအား ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်သူမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။
အခြေအနေကြောင့် အစ္စရေးကောင်စစ်ဝန်ရုံးအနီးတွင် ရဲအင်အား တိုးမြှင့်ထားကြောင်း မြူးနစ်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဂျာမနီပြည်ထဲရေးဝန်ကြီးက မြူးနစ်တွင် အန္တရာယ်ရှိသော အဖြစ်အပျက်တစ်ခုကို မြင်တွေ့ခဲ့ရပြီး အစ္စရေး အစိုးရပိုင်နေရာများ ကို အကာအကွယ်ပေးခြင်းသည် ဦးစားပေးဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251