ယီမင်ရှိ ကုရ်အာန်စင်တာများမှ ကျောင်းသားများသည် ဇီယွန်ဝါဒီအရာရှိများ၏ ကုရ်အာန်ကျမ်းတော်မြတ် အား စော်ကား ခြင်း ကို ရှုတ်ချခဲ့ပါတယ်။

၂ စက်တင်ဘာ ၂၀၂၄ - ၂၀:၂၈
ယီမင် ကျောင်းသားများက ကုရ်အာန်ကျမ်းတော်မြတ် အား စော်ကားခြင်း ကို ရှုတ်ချ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Aqna News ၏ သတင်းအ‌ထောက်အထားများ အရ ဆနအအ်  ရှိ ကျမ်းတော်မြတ်ကုရ်အာန် အဆင့်မြင့် ပညာရေးစင်တာ၏ သင်ကြားရေးဝန်ထမ်းများ နှင့် ကျောင်းသားများသည် ၎င်းတို့၏ ဒေါသကို ထုတ်ဖော်ပြီး ဇီယွန်ဝါဒီများ၏ ကျမ်းမြတ်ကုရ်အာန်ကို စုတ်ဖြဲ စော်ကား သည့် လုပ်ရပ်အား  ဆန့်ကျင် ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။

ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဒေါသထွက်နေတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပြီး ဇီယွန်ဝါဒီအစိုးရ၏ အစ္စလမ်ဘာသာဝင်များ၏  မြင့်မြတ်တဲ့နေရာများ နှင့်  ပါလက်စတိုင်းပြည်သူများ အပေါ် ကျူးလွန်နေကြ သည့် ရာဇ၀တ်မှုများ  အာရပ် နှင့် အစ္စလမ်မစ် နိုင်ငံများ၏ ဆိတ်ဆိတ်နေမှုများကိုလည်း ရှုတ်ချခဲ့ကြပါတယ်။

ယီမင်ပြည်သူများသည် ပါလက်စတိုင်းပြည်သူများအား ဖြစ်နိုင်သမျှ နည်းမျိုးစုံဖြင့် ဆက်လက်ပံ့ပိုး ကူညီသွားမည်ဖြစ်ပြီး စိန်ခေါ်မှုများနှင့် အန္တရာယ်များ မည်သို့ပင်ရှိစေကာမူ မည်သည့်အားစိုက်ထုတ်မှုမှ အရှုံး မပေးကြောင်း အလေးအနက် ပြောကြားခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို ပါဝင်သူများမှ  လွတ်လပ်တဲ့ အာရပ်လူမျိုး များ နှင့်  အစ္စလာမ့် ကမ္ဘာ အား  သန့်ရှင်းသည့် နေရာများ နှင့် ပါလက်စတိုင် အဖိနှိပ်ခံပြည်သူများကို ထောက်ပံ့ပေးဖို့နှင့် ဖိနှိပ်ချုပ်ချယ်နေသည့် ဇီယွန်ဝါဒီများကို တိုက်ထုတ်ဖို့ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဂါဇာ နှင့် အနောက်ဘက်ကမ်း၊ ယီမင်နှင့် ခုခံရေးလမ်းကြောင်းတစ်ခုလုံးရှိ ရဲရင့်သော မိုဂျာဟစ်ဒီးန် များကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အသေအပျောက်များပြီး ပြင်းထန်လာသော တိုက်ခိုက်မှုများသည် ဇီယွန်ဝါဒီများ၏ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဆိုးရွားသောရာဇ၀တ်မှုဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင် သူများ က ထုတ်ပြန်ခဲ့ပါတယ်။

 

ဂါဇာနှင့် ပါလက်စတိုင်းတို့တွင် လူမျိုးတုံးသတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ နှုတ်ဆိတ်နေခြင်းသည် လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် ရှက်စရာဖြစ်ပြီး အလ်အက်ဆွာ ဗလီ ဝတ်ကျောင်း တော် ကိုစော်ကား ခြင်း နှင့် ကျမ်း‌တော်မြတ် ကုရ်အာန် အား  မီးရှို့ဖျက်ဆီး စော်ကား မှုတွင် ဇီယွန်စစ်တပ်၏ ဤ လုပ်ရပ်များကို ရှုတ်ချ ခဲ့ပါတယ်။


ဤထုတ်ပြန်ချက်တွင် အာရပ်၊ အစ္စလာမ် နှင့် ကုလ ရှိ  နိုင်ငံတကာ များ၏ ပေါ့ဆမှုအရိပ်အောက်တွင် ဇီယွန် ဝါဒီများ ၏ ရာဇ၀တ်မှုများအတွက် အမေရိကန် နှင့် ဥရောပနိုင်ငံအချို့၏ ထောက်ခံ အားပေး မှုကိုလည်း ရှုတ်ချထားပါတယ်။

.......................................................

END / 251