သခင်မကြီး ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ မွေးသည့် နေ့ရက်မြတ် နှင့် ဝမ်းနည်းဖွယ် ဝဖာသ်နေ့ အကြောင်း တစေ့ တစောင်း ကိုဖော်ပြလိုက်ပါတယ်။သခင်မကြီး မွေးနေ့ရက်မြတ် အချိန်အခါဖြစ်၍ လည်း စာဖတ်သူ မိတ်ဆွေ ရောက်တိုင်း ကိုလည်း မိုဘာရတ်က် ပြောကြားပါတယ်။

၉ မေ ၂၀၂၄ - ၂၀:၃၀
သခင်မကြီး ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ မွေးသည့် နေ့ရက်မြတ် နှင့် ဝမ်းနည်းဖွယ် ဝဖာသ်နေ့  အကြောင်း တစေ့တစောင်း
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 

ရှေးကျသည့် ရှီအဟ် အရင်းအမြစ်များအရ သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ မွေးသည့် နေ့ရက် နှင့် ဝဖာသ် ဖြစ်သည့်နေ့ရက် ကို ဖော်ပြထားခြင်း မရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ အာယာသွလ္လာဟ် ရေဇာ အွတ်စ်သာဒီ ၏ အဆိုအရ သခင်မကြီး (စ.အ) ၏ မွေးသည့်နေ့ရက် နှင့် ဝဖာသ် ဖြစ်သည့်နေ့ရက် ကို ပထမဆုံး ဖော်ပြထား သည့် စာအုပ်မှာ ဂျဝါဒ် ရှားဟ် အဗ်ဒိုလ်အဇီးမီ ရေးသားထား သည့် နူးရိုလ်အာဖာက် ဖြစ်ကြောင်းဆိုထားပါတယ်။ ဤစာအုပ်အား ဟီဂျရီ သက္ကရာဇ် ၁၃၄၄ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေ ခဲ့ကြောင်း ဖြစ်ပါတယ်။

ဤစာအုပ် အတွင်း ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) မွေးရက်နေ့ အား ဇေလ်ကိုင်ဒဟ်လ ၁ ရက်နေ့ ဟီဂျရီ သက္ကရာဇ် ၁၇၃ ခုနှစ် ဖြစ်ကြောင်း ဝဖာသ်နေ့ရက် မှာ ရဘီအွတ်စ်စာနီ ၁၀ ရက်နေ့ ဟီဂျရီ သက္က်ရာဇ် ၂၀၁ ခုနှစ် ဖြစ်ကြောင်း ဖော်ပြထားပြီး ဤစာအုပ်မှ အခြား စာအုပ်များ မှ ကူးယူ ဖော်ပြထားကြောင်း သိရှိရပါတယ်။ သို့သော် အချို့ အိုလမာ အနေဖြင့် ပမာအားဖြင့် အာယာသွလ္လာဟ် မရ်အရှီ နဂျဖီ ၊ အာယာ သွလ္လာဟ် အလ်အွဇ်မာ  ဆယက်ဒ် ရှိုဘိုင်းရီ ဇာန်ဂျာနီ နှင့် အာယာသွလ္လာဟ် ရေဇာ အွတ်စ်သာဒီ ၊ အာယာသွလ္လာဟ် ဇဘီးဟွလ္လာဟ်မဟလာသီ[၁၁] တို့သည် ရှားဟ် အဗ်ဒိုလ်အဇီးမီ နှင့် သဘောထား မတူကြဘဲ ဖော်ပြထားသည့် နေ့ရက်များ သည် အတုဟု ယူဆကြပါတယ်။

 

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တရားဝင် ပြက္ခဒိန် တွင် ဇေလ်ကိုင် ဒဟ်လ ၁ ရက်နေ့ ကို သမီးနေ့ အဖြစ် အမည်ပေးသတ်မှတ်ထားပါတယ်။ ဤနေ့တွင် ဂျရှ်န်များ ပြုလုပ်ကြပါတယ်။ သခင်မကြီး (စ.အ) ရောင်ဇာတော် မြတ် သို့ သွား၍ ဇေယာရသ် ပြု ဒိုအာ လုပ်ကြပါတယ်။

ကောက်နုတ်ထားသည့် ကျမ်းကိုးများ

 

1.     استادی، «آشنایی با حضرت عبدالعظیم و مصادر شرح‌ حال او»، ص۳۰۱.

2.     استادی، «آشنایی با حضرت عبدالعظیم و مصادر شرح‌ حال او»، ص۲۹۷.

3.     استادی، «آشنایی با حضرت عبدالعظیم و مصادر شرح‌حال او»، ص۳۰۱.

4.     محلاتی، ریاحین الشریعه، ۱۳۷۳ش، ج۵، ص۳۲.

5.     شبیری زنجانی، جرعه‌ای از دریا، ۱۳۹۴ش، ج۲، ص۵۱۹.

6.     استادی، «آشنایی با حضرت عبدالعظیم و مصادر شرح‌ حال او»، ص۳۰۱.

7.     محلاتی، ریاحین الشریعه، ۱۳۷۳ش، ج۵، ص۳۱و۳۲.

8.     شورای مرکز تقویم مؤسسه ژئوفیزیک دانشگاه تهران، تقویم رسمی کشور سال ۱۳۹۸ هجری شمسی، ص۹.

9.     https://my.wikishia.net

.......................................................

END / 251