အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام العسکری علیه السلام:
كَفاكَ اَدَبا تَجَـنُّـبُكَ ما تَـكْرَهُ مِنْ غَيْرِكَ.
အေမာမ် ဟစန်အစ္စကရီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အသင် ယဥ်ကျေးအောင်အတွက် သူများ သင်အပေါ် လုပ်တာ မကြိုက်သည့် အလုပ်များ ကို မိမိ နှင့် ဝေးအောင်ထားခြင်း (ရှောင်ကြဥ်ခြင်း) ဖြင့် ပြုနိုင်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၈ ၊ စာမျက်နှာ ၃၇၇
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် မိမိကိုယ်ကို ယဥ်ကျေးသူ ဟု ညာသံပေးနေသူများ အထူး သတိပြုရမည် ဖြစ်ပါတယ်။ အကြောင်း မှာ တစ်ချို့ သည် မိမိကိုယ့်ကို ရှီအဟ် မွတ်စလင်မ် ဟု ညာသံပေးနေပြီး သူတစ်ပါးအာ ညစ်တီးညစ်ပတ် ဆဲဆိုနေသည့် အတွက် ကြောင့် ဖြစ်ပါတယ်။ ထိုသူများသည် သူတစ်ပါးကို ဆဲရလျင် ဝမ်းသာကျေနပ်နေပြီး ကိုယ့်တိုင် အဆဲခံရသည့် အခါ အလွန်ဒေါသ ထွက်သူများ ဖြစ်ပါတယ်။ကျနော်တို့ အားလုံး အေမာမ် (အ.စ) အမြင်တွင် ယဥ်ကျေးသူများ ဖြစ်နိုင်အောင် လက်တွေ့ ကြိုးပမ်းရမည် ဖြစ်ပါတယ်။
****************************************************************
END / 251