အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ ဂါဇာမြောက်ပိုင်းရှိ ဂျာဘာလီယာဒေသရှိ ပါလက်စတိုင်း တော်လှန် ရေး သမားများသည် ဇီယွန်ဝါဒီစစ်သားများကို ပစ်မှတ်ထားပြီး ဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ ပါတယ်။
အစီရင်ခံစာအရ၊ ပါလက်စတိုင်းတော်လှန်ရေးလှုပ်ရှားမှု ဂျေဟာဒ် အစ္စလာမ်မီ ၏ စစ်ဝါဒီ အလ်ကွတ်ဒ်စ် တပ်မဟာ မှ "အလ်အာမိုဒီ တပ်မဟာ " ၏ စစ်သားများ နှင့် ပူးပေါင်းစစ်ဆင်ရေးတွင် မိုဂျာဟစ်ဒ်ဒီးန် များသည် ဂျာဘာလီယာ ရှိအိမ်တစ်လုံးကို ဖောက်ခွဲခဲ့သည်ဟုကြေငြာခဲ့ပါတယ်။ဇီယွန်ဝါဒီစစ်တပ်က သိမ်းပိုက်ထား တဲ့ ဂါဇာမြောက်ပိုင်းမှာ အရာရှိတချို့ ဤအိမ်တွင် ပုန်းအောင်းနေခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် သိမ်းပိုက်ခံထားရသော ဇီယွန်ဝါဒီစစ်တပ်၏ Merkava တင့်ကားတစ်စီးကိုလည်း "Saqib" ဗုံးဖြင့် ကွတ်ဒ်စ် တပ်မဟာမှ မိုဂျာဟစ်ဒ်ဒီးန် မှ ဖျက်ဆီးခဲ့ပါတယ်။
အဖွဲ့အစည်း၏ ထုတ်ပြန်ချက် အရ သိမ်းပိုက်ထားသော ဇီယွန်ဝါဒီ စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့များ ရောက်ရှိလာသည်နှင့် တပြိုင်နက် မိုဂျာဟစ်ဒ်ဒီးန် သည် စစ်သားများကို "ယာစင်းန် ၁၀၅ " ဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
သိမ်းပိုက်ထားသော ဇီယွန်ဝါဒီမီဒီယာများက ဂါဇာကမ်းမြှောင်အနီးရှိ ဇီယွန်နစ်မြို့များဖြစ်သော Sderot နှင့် Niram တို့ကို ပါလက်စတိုင်းအဖွဲ့အစည်းများက ပစ်မှတ်ထားခဲ့ကြောင်း အစောပိုင်းတွင် ဖော်ပြခဲ့သော်လည်း တိုက်ခိုက်မှုအပြီးတွင် အချက်ပေးသံများ ထွက်ပေါ်လာခဲ့ကြောင်း သိရပါတယ်။
.......................................................
END / 251