အိုမန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် မွတ်စလင်မ် နိုင်ငံများ အားလုံး ငြိမ်းချမ်းပြီး သဟဇာတဖြစ်အောင် နေထိုင်ကြရန် သတင်း စကား ပေးပို့ခဲ့ကြောင်း သိရပါတယ်။

၃၀ ဒီဇင်ဘာ ၂၀၂၄ - ၂၁:၄၁
အီရန် နိုင်ငံ အနေဖြင့် အစ္စလာမ် နိုင်ငံအားလုံးကို ငြိမ်းချမ်းရေးနှင့်  ပြန်လည်သင့်မြတ်ရေး အတွက် သတင်းစကား ပေးကြောင်း အီရန် သမ္မတ ပြောကြား

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် ဘင်န် ဟမ်ဒ် ဘင်န် ဟမူဒ် အလ်ဘူစအီးဒ်ဒီ သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် တီဟီရန်တွင် တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ်၊ အီရန်နှင့် အိုမန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအခါသမယမှာ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က အီရန်ရဲ့ ရည်မှန်းချက်ဟာ ဒေသတွင်းနဲ့ အစ္စလာမ်မစ် နိုင်ငံ များ မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထူထောင်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန်နှင့် အိုမန်ကြား ဆက်ဆံရေးသည် အလွန်ဟောင်းနွမ်းပြီး ခင်မင်ရင်းနှီးပြီး နယ်ပယ် အသီးသီး တွင် ချဲ့ထွင်လာသည်ကို တွေ့ရကြောင်း ဤဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် မိမိ တို့နှစ်ဦး အတွက် အလွန်အရေးကြီး ကြောင်း ပြောကြား ခဲ့ပါတယ်။

နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ပူးတွဲစီးပွားရေး ကော်မတီ အစည်းအဝေးကို ထောက်ပြခဲ့ပြီး ယခင်သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုမြန်ဆန်လာပြီး သဘောတူညီချက်အသစ်များ ရရှိနိုင်မည်ဖြစ် ကြောင်း  အီရန်၏ နိုင်ငံခြားရေးမူဝါဒသည် အစ္စလာမ် နိုင်ငံများ ၊ အထူးသဖြင့် အိမ်နီး ချင်း နိုင်ငံများ၊  မိတ်ဆွေနိုင်ငံများနှင့် ခိုင်မာသော ဆက်ဆံရေးအပေါ် အခြေခံထားကြောင်း အီရန်၏ နိုင်ငံခြားရေး မူဝါဒသည် အစ္စလာမ် နိုင်ငံများ နှင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများနှင့် ခိုင်မာ သော ဆက်ဆံရေးအပေါ် အခြေခံထားကြောင်း အိုမန်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း အီရန် သမ္မတ မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မွတ်စလင်မ် နိုင်ငံတွေမှာ ကွဲပြားမှုတွေရှိကြောင်း  အစ္စရေးက အဲဒီကွဲပြားမှုများကို အခွင့်ကောင်းယူဖို့ ကိစ္စ သည် လက်ခံနိုင်စရာမရှိပါကြောင်း ကိုလည်း အီရန် သမ္မတ မှ ပြောကြားခဲ့ပါတယ်။

ဤ တွေ့ဆုံစဉ် အိုမန်နိုင်ငံခြားရေးဝန်ကြီးက အိုမန် နှင့် အီရန် ဆက်ဆံရေးသည် ယုံကြည်မှုနှင့် ချစ်ကြည်ရေး အပေါ် အခြေခံကြောင်း ပြောကြားခဲ့ပါတယ်။ အိုမန်သည် အီရန်၏ မဟာဗျူဟာကို အမြဲထောက်ခံပြီး အီရန်နှင့် ပူးပေါင်းဆောင်ရွက်မည့် ပရောဂျက်များကို လက်တွေ့ကျကျ တိုးတက်အောင် လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

.......................................................

END / 251