အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် စလာမ်ပေးခြင်း၏ အရေးပါမှု နှင့် ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

၃၀ ဒီဇင်ဘာ ၂၀၂၄ - ၁၈:၂၃
စလာမ်ပေးခြင်း၏ အရေးပါမှု

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သိုဟ်ဖိုအိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الصادق (عليه السلام):

مَنْ بَدَءَ بِكَلامٍ قَبْلَ سَلامٍ فَلاتُجيبُوهُ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

« အကြင်မည်သူမဆို စလာမ် မပေးမည်အလျင် စကားစပြောမည်ဆိုလျင် ၎င်း အား ဂရုမစိုက်ပါနှင့်။ »

ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း၊  ၂၄၅

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ အမြင် တွင် စလာမ် ဆို၊ စလာမ်ပေးခြင်းသည် မည်မျှ အရေးပါ ၊ အရေးကြီးကြောင်း သိနိုင်ပါတယ်။ တရားတော်တွင် စလာမ်စပေးသူ မိုအ်မင် သည် ဆဝါးဗ် ပိုရမှာ ဖြစ်ပြီး စလာမ်အပေးခံရသူ မိုအ်မင် သည် စလာမ် အဖြေပြန် ပေးရန် ဝါဂျစ်ဗ် ဖြစ်ပါ သည်။

****************************************************************

END / 251