အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehrnews အစီရင်ခံစာ အရ ကူဝိတ်၌ ကျင်းပသည့် ၄၆ ကြိမ်မြောက် အရေးပေါ်အစည်းအဝေးတွင် လက်ဘနွန်နိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံခြား ရေးဝန်ကြီးများက အလေးပေး ပြောကြားခဲ့ကြပါတယ်။
ပါရှန်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် နိုင်ငံခြားရေးဝန်ကြီး များသည် လက်ဘနွန်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပံ့ပိုးပေးရန် အရေးကြီးကြောင်းနှင့် လက်ဘနွန်စစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍကို အလေးထားပြီး လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို အပြည့်အဝအကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ပါတယ်။