အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Agency ၏ အစီရင်ခံစာအရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ၃၁)ကြိမ်မြောက် ပြည်လုံးကျွတ် နမာဇ် အခမ်းအနား သိူ့ ပေးပို့သည့် သဝဏ်လွှာ တွင် နမာဇ် အားသူအချိန် ရောက်သည် နှင့် ဝတ်ပြုရန် နှင့် ဂရုတစိုက် ဝတ်ပြုရန် မိန့်ကြားထား ကြောင်း သိရ ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိမိ ၏ သတင်းစကားတွင် နှစ်အတော်ကြာအောင် မင်္ဂလာရှိသော နမာဇ် အခမ်အနား များ ကို ဆက်တိုက်လုပ်ဆောင်ခဲ့သည့် အတွက် အလ္လာဟ် ဟို အရှင်မြတ် ကို ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟ်စင်န် ကရာအသ်သီ ၏ စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းမှု ကြောင့် ဤ အစီအစဥ် တွင်ဘရ်ကသ် (ကောင်းချီးမင်္ဂလာ ) ဖြစ်လာရကြောင်း မျှော်လင့်ထားသည့် အတိုင်း ဆက်လက်ပြီး နမာဇ် ၏အကျိုးဆက်များ နှင့် ကောင်းချီးများ သည် ထာဝစဉ် ဆက်လက်ရှိနေဦးမည်ဟု မျှော်လင့်ကြောင်း ကျွန်ုပ်၏ ခိုင်မာသောအကြံပြု ဆုံးမ ချက်မှာ နမာဇ် အား အချိန်ရောက်သည် နှင့် ချက်ချင်း ဝတ်ပြုရန် ဖြစ်ကြောင်း မိန့်ကြားထားပါတယ်။
ဆက်လက်ပြီး နမာဇ် ဝတ်ပြုနေစဥ် အတွင်း ခူရှုအ် နှင့် ခဇူအ် (အလ္လာဟ်အရှင်မြတ်၏ ကြီးမြတ်တော်မူသော အနန္တတန်ခိုးရှင်ကို သိကျွမ်းခြင်းမှ ဖြစ်ပေါ်လာသော စိတ်နှလုံးအေးချမ်းမှုနှင့် နှိမ့်ချမှုတို့ကို ရည်ညွှန်းပါသည်။) နှင့်ဝတ်ပြုရန် နမာဇ် ဝတ်ပြုသူ အနေဖြင့် နမာဇ် ဝတ်ပြုခြင်းသည် စကြဝဠာတစ်ခုလုံးနှင့် တရားစီရင်ရာနေ့ကို အုပ်စိုးသူ အလ္လာဟ် ဟိုအရှင်မြတ် နှင့် စကားပြောနေကြောင်း သတိ ပြုရမည် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။
ပြီးနောက် ဤအင်္ဂါရပ်နှစ်ခုဖြင့် နမာဇ် သည် နမာဇ် ဝတ်ပြု သူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်အပေါ် သက်ရောက် မှု ဖြစ်စေကြောင်း နမာဇ် အား ဖိုရာဒါ ( တစ်ဦးတည်း ) ဖြစ်စေ ဂျမာအသ် နှင့် ဖြစ် စေ ဝတ်ပြုရမည် ဖြစ်ကြောင်း ဤ ဝတ်ပြုမှု များသည် အပြုသဘောဆောင်သော အပြောင်းအလဲကို ဖန်တီးပေး ကြောင်း မိန့်ကြား ခဲ့ပါတယ်။
.......................................................
END / 251