ဇီယွန် ကာကွယ်ရေး ဝန်ကြီး မှ အီစ္စမာအီ ဟနီယေဟ် ၏ ရှဟာဒသ် ကိစ္စကို တာဝန်ယူ လက်ခံပြီး နောက် ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ်သည် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၏ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ စာတစ်စောင်ရေးသားခဲ့ပါတယ်။

၂၅ ဒီဇင်ဘာ ၂၀၂၄ - ၀၈:၂၇
အီစ္စမာအီ ဟနီယေဟ် သတ်ဖြတ်မှုအတွက် ဇီယွန်ဝါဒီအစိုးရက တာဝန်ယူ / လုံခြုံရေးကောင်စီက ၎င်းကို ထိန်းချုပ် ထား ရမည် / အီရန်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန ၏ အစီရင်ခံစာ အရ အီရန်အမြဲတမ်းကိုယ်စားလှယ်သည် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၏ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ ပေးပို့ခဲ့သည့် စာတွင် အစ္စရေးအစိုးရသည် ဤရက်စက်ယုတ်မာ သည့်လုပ်ရပ် အတွက် တာဝန်ရှိကြောင်း လက်ခံခြင်းဖြင့် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုသည် လုံးဝတရားမျှ တကြောင်း သက်သေပြ နေခြင်း ဖြစ်ကြောင်း ရေးသားထားပါတယ်။

အီရန်သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် တီဟီရန်သို့ ရောက်ရှိလာသော Ismail Haniyeh ကို လုပ်ကြံသတ်ဖြတ်မှုအတွက် ဇီယွန်ဝါဒီ ကာကွယ်ဝန်ကြီး Yisrael Katz က ပြောင်ပြောင်တင်းတင်းနှင့် အရှက်မဲ့စွာ လက်ခံခဲ့ကြောင်း ၎င်း၏စာတွင် ရေးသားထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပိုင်နက်အတွင်း နိုင်ငံရေးခေါင်းဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုသည် ဇီယွန်ဝါဒီ အစိုးရ သည် ပုန်ကန်သောအစိုးရဖြစ်ကြောင်း ၎င်း ၏ အကြမ်းဖက်မှု နှင့်  ရန်လိုတဲ့လုပ်ရပ်များ အတွက် ကိုယ်တိုင် တာဝန် ရှိကြောင်း ကို အသိ အမှတ်ပြု ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ်  အမီးရ် စအီးဒ် အီရ်ဝါနီ က ရေးသားထားပါတယ်။

ဤဝန်ခံမှု ပြုပြီးနောက်၊၂၀၂၄  ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အီရန်၏ လက်တုံ့ပြန်မှု၏ တရားဝင် ပြီး  တရားဝင်မှုဆိုင်ရာ အထောက်အထားများ ထပ်မံထွက်ပေါ်လာကြောင်း အမီးရ် စအီးဒ် အီရ်ဝါနီ က ထပ်လောင်း ရေးသားထားပါတယ်။

ဒေသတွင်း နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက် မှုကို ပြုနေသည့် အကြမ်းဖက် အစ္စ‌ရေး အစိုးရ နှင့် နယ်ချဲ့ အစိုးရ ကို ထိန်းချုပ် တားဆီးရန် လိုအပ်ကြောင်း ကို လည်း သက်သေ ထူပြီးသာ ဖြစ်သွားကြောင်း ရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ် အမီးရ် စအီးဒ် အီရ်ဝါနီ ကရေးထားခဲ့ပါတယ်။

.......................................................

END / 251